သူဆာနေပေမယ့်လည်း ကလေးတွေ ဗိုက်ပြည့်ဖို့က အဓိကမဟုတ်လား ..

မိခင်မေတ္တာဆိုတာ သမုဒ္ဒရာနဲ့ယှဉ်ရင်တောင် မပြောပလောက်ပါဘူး။ မိခင်ရဲ့ချစ်ခြင်းလောက် အေးချမ်းတာ ရှိဦးမလား။ လူတွေမှာလည်း မိခင်မေတ္တာရှိသလို တိရစ္ဆာန်လေးတွေမှာလည်း မိခင်မေတ္တာရှိပါတယ်နော်။ အမေတွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ကလေးတွေကို အကောင်းဆုံးတွေကိုပဲ ဖန်တီးပေးချင်ကြပါတယ်။ 

အမျိုးသမီးတစ်ဦးဟာ မိခင်ဆိုတဲ့နေရာ ရောက်သွားပြီဆိုတာနဲ့ သူ့ရဲ့mindset ဟာ ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ကမ္ဘာဟာ ကလေးတွေနဲ့ပဲ ဝန်းရံနေတယ်။ ကလေးတွေဟာ သူမအတွက် အရာရာ၊ သူမအတွက်ကမ္ဘာတစ်ခုလို ဖြစ်လာပါတယ်။

 လူသား မိခင်တွေမှာလည်း ကလေးအတွက် အကောင်းဆုံးလုပ်ပေးချင်သလို တိရစ္ဆာန် မိခင်လေးတွေမှာလည်း ကိုယ့်သားသမီးတွေအတွက် အကောင်းဆုံးဖန်တီးပေးချင်ကြပါတယ်။ 

ဖေ့စ်ဘွတ်သုံးစွဲသူတစ်ဦးက လမ်းဘေးက ခွေးမကြီးကို အစာသွားကျွေးတဲ့ ဗီဒီယိုလေးရိုက်ဖြစ်ခဲ့ပါတယ်။ သူကျွေးလိုက်တော့ ထိုခွေးက အစာကို ပါးစပ်ကကိုက်ချီသွားပြီး တစ်နေရာကို ပြေးသွားပါတယ်။ သူလည်း ဘယ်ကို သွားတာလဲသိချင်လို့ အနောက်က လိုက်ကြည့်ခဲ့တယ်။ နောက်တော့ စိတ်ကြည်နူးစရာ မြင်ကွင်းလေးကို တွေ့လိုက်ရတာပါပဲ။ 

ခွေးမကြီးက သူမရဲ့ကလေးလေးတွေကို အစာလာကျွေးနေတာပါ။ သူလည်း ဆာပေမယ့် ကလေးတွေကိုအရင် ဗိုက်ဖြည့်ပေးတယ်။ ဒါလေးကြည့်ပြီိး တိရစ္ဆာန်လေးတွေမှာလည်း မိခင်မေတ္တာဆိုတာ ကြီးမားလှပါပေတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations