ဥပမာ .. ဒီအဘိုးနဲ့ အဘွားလိုမျိုးပေါ့.. <3

အချစ်ဟာ သိပ်လေးနက်ပါတယ်။ တန်ဖိုးမထားတတ်တဲ့ လူတွေကြောင့်သာ ပေါ့တီးပေါ့ပျက်နဲ့ ဘာမှ အလေးထားစရာဆိုတာလည်း မရှိတော့ပါဘူး။ သူအောင်မြင်သည်ဖြစ်စေ ၊ ကျရှုံးသည်ဖြစ်စေ ၊ အတူတူရှိနေပေးမယ့်လူမျိုး ၊ ကျန်းမာသည်ဖြစ်စေ ၊ မနာကျန်းသည်ဖြစ်စေ ဘေးနားမှာ မငြီးငြူ စောင့်ရှောက်ပြုစုပေးနိုင်မယ့်လူမျိုးသာ သင့်အပေါ်တကယ်အချစ်စစ်နဲ့ ပေးဆပ်သူဖြစ်ပါတယ်။ 

ဒီလိုလူမျိုးကို သင်ပိုင်ဆိုင်ထားရပြီဆိုရင်တော့ ကံကောင်းတာပါပဲ။ ဘာမှမရှိနေရင်တောင် သူရှိနေတဲ့အတွက် ပြည့်စုံနေတာမျိုးပေါ့။ အင်တာနက်မှာ အခုခေတ်စားနေတဲ့ စုံတွဲကတော့ ဆေးရုံတက်နေရတဲ့အဘွားကို ဘေးနားကနေ ခေါင်းလေးပွတ်သပ်ပေးနေရှာတဲ့ အဘိုးရဲ့ကြင်နာမှုလေးပဲဖြစ်ပါတယ်။ 

''မငိုပါနဲ့.. အနားမှာ ငါရှိတယ်'' တဲ့။ အဘိုးက အဘွားကို တိုးတိုးလေး ကပ်ပြောပြီး နှစ်သိမ့်ပေးနေတယ်။ အဘွားကတော့ မျက်လုံးမှိတ်ပြီး ဘာမှတောင်မတုံ့ပြန်နိုင်ပါဘူး။ ဘာဖြစ်လို့ ဆေးရုံတက်ရတယ် ၊သူတို့ဘယ်မှာနေကြတယ်ဆိုတာတော့ အပြည့်စုံဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ကိုကြည့်ရတာ တကယ်ချစ်ကြတဲ့လင်မယားတွေလို့မြင်ပါတယ်။ 

စိတ်မကောင်းစရာကတော့ ဒီဗီဒီယိုလေး ရိုက်ကူးပြီးချိန် မကြာခင်အတွင်းမှာပဲ အဘွားက လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ အဘိုးလည်း သိတော့သိပေမယ့် နာကျင်ကြေကွဲပြခြင်း တစ်စုံတစ်ရာမရှိ ။ ရင်ထဲမှာတောင် အကျယ်ကြီးအော်ငိုနေလောက်ပြီ ထင်ပါတယ်။ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ဒီ ဗီဒီယိုလေးကြည့်ပြီး စာဖတ်သူတို့ မျက်ရည်ဝဲမိနေပါဦးမယ်...  :') 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations