မရဘူး.. သူ့ကိုပဲချစ်ရမယ်တဲ့.. xD

လူတွေလိုပဲ.. ကြောင်လေးတွေ ၊ ခွေးလေးတွေလည်း သဝန်တိုတတ်ပါတယ်နော်။ ဗီဒီယိုတွေလည်း ခဏခဏတက်လာတာ မြင်ဖူးမှာပေါ့။ သူတို့ကို ပွတ်သပ်ပေးနေရင်း အခြားအကောင်လေးတွေကို သွားပွတ်မျိုးတို့ဆို သိပ်စိတ်တိုတာနော်။ မရဘူး.. သူ့ကိုပဲ ပွတ်ပေး ဆိုတာမျိုး လက်လေးတွေနဲ့ အမူရာကပြသေးတာ။ 

သူတို့လေးတွေဟာ စကားသာမပြောကြတာ။ လူတွေအတိုင်း သူတို့အကုန်သိတတ် နားလည်ပါတယ်။ တွစ်တာသုံးစွဲသူ @tadanocapo ဟာ သူ့ရဲ့ကြောင်လေး သဝန်တိုချက်ကို ဗီဒီယိုရိုက်တင်ခဲ့ပါတယ်။ 

သခင်ဖြစ်သူက အခြားကြောင်လေးကို ကိုင်ခဲ့ပုံရပါတယ်။ ပြီးတော့ ကိုင်ထားတဲ့လက်နဲ့ သူမကြောင်ကို အနံ့ရှုခိုင်းတော့ သိတာပေါ့။ ငါ့ကို သစ္စာဖောက်တာလား ဆိုတဲ့ အဓိပ္ပာယ်နဲ့ မာန်ဖီပါတော့တယ်။ စိတ်တွေအရမ်းတိုပြီး လက်သည်းတွေ ထုတ် သခင်မရဲ့လက်ဖဝါးကို လှမ်းကုတ်ပါတယ်။ ချစ်ဖို့ကောင်းလိုက်တာ ကလေးလေးတွေ... ကြောင်ချစ်သူများ ဒီ ဗီဒီယိုလေး ကြည့်ပြီး အူယားကြဦးမှာ အမှန်ပါပဲ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations