ယားလို့ထင်တယ်.. တခစ်ခစ်နဲ့ကို ရယ်နေတာ... <3

အပြစ်ကင်းစင်တဲ့ ကလေးလေးတွေရဲ့အပြုအမူဟာ ဘယ်တော့ဖြစ်ဖြစ် ကြည့်သူရင်ထဲ အေးချမ်းရပါတယ်။ စိတ်ညစ်နေတဲ့ နေ့ရက်တွေမှာ သင့်ကိုနေခြည်ဖြာဖြာသွန်းပေးနိုင်မယ့် ဘေဘီလေးတွေရဲ့အပြုံးချိုချိုလေးတွေကို သဘောမကျတဲ့လူ ဘယ်ရှိမလဲ။ 

ဗီဒီယိုထဲမှာ ကလေးငယ်လေးက သူ့ရဲ့ပထမဆုံး ဆံပင်ညှပ်တာကို ပျော်နေလားမသိ။ မျက်လုံးလေး စင်းပြီးတောင် ဇိမ်ခံသေး ၊ ပြီးတော့ သဘောတွေကျနေတာ.. တခစ်ခစ်နဲ့။ ဆံသဆရာက သူ့ရဲ့ခေါင်းလေးပေါ်က ဆံပင်တွေကို ဖြတ်ပေးတာနဲ့ ရယ်ပါလေရော။ razor က vibrate ဓာတ်ကြောင့် သူ့ကိုအူယားစေပြီး တစ်ခစ်ခစ်ရယ်စေတာဖြစ်ပါလိမ့်မယ်။ ဗီဒီယိုလေးကို ကြည့်ရှုသူ ၆.၄သန်းကျော်သွားခဲ့ပါတယ်။ ချစ်စရာကလေးလေးရဲ့ ဗီဒီယိုကိုဖော်ပြပေးလိုက်တယ်နော်.. 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations