တော်လိုက်တာ ကလေးရယ်

မိဘတွေကတော့ ကိုယ့်သားသမီးလေး ထူးချွန်ထက်မြက်နေရင် ဂုဏ်ယူစွာနဲ့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ကြပါတယ်။ ဒါပေမယ့် ဒီကလေးလေးကတော့ အခြားကလေးတွေထက် ပိုတော်ပြီး ထူးခြားနေတာကို တွေ့ရမှာပါ။ မယုံနိုင်စရာကောင်းအောင် ဒီကလေးလေးဟာ ဘာသာစကား (၁၁)မျိုးကို ပြောတတ်နေပါတယ်။ ဗီဒီယို ကြည့်ရှုသူများလည်း အံ့သြသင့်ခဲ့ရပြီး ဆိုရှယ်မီဒီယာမှာလည်း နာမည်ကြီးသွားပါတယ်။ 

သူပြောသွားတဲ့ ဘာသာစကားတွေထဲမှာ ဂျာမန်၊ ရုရှား ၊ အာရပ် ၊ တရုတ် ၊ ပြင်သစ်၊ စပိန် ၊ ကိုရီးယားနဲ့ ဂျပန်ပါဝင်ပါတယ်။ ကလေးလေးဟာ ဖိလစ်ပိုင်လူမျိုးပါ။ ဘာသာစကားတွေအားလုံး ရွတ်ပြပြီးနောက်မှာ အမေဖြစ်သူက ကျေးဇူးတင်ပါတယ်လို့ နှုတ်ဆက်သွားခဲ့ပါတယ်။ ချစ်စရာ ကလေးလေးရဲ့ဗီဒီယိုကို ကြည့်ကြည့်လိုက်ပါဦး.. 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations