ခဏခဏပြောခံရတာများတော့ လူပဲနာတတ်တာပေါ့...

Body Shaming ဆိုတာကတော့ နေရာတိုင်းမှာ ရှိနေမှာပါပဲ။ ကိုယ်က ပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ပြောချင်တဲ့လူတွေက ပြောနေကြတာပါ။ ဟိုလူကတွေ့လည်း ဟယ်.. ပိန်လိုက်တာ၊ ဒီလူတွေ့တော့လည်း အရိုးကြီးပဲ ပြောပါများတော့ ခံရတဲ့သူကလည်း နာမှာပေါ့။ ပါးစပ်က ဘာမှမပြောပေမယ့် ရင်ထဲမှာတော့ ခံရခက်နေမှာပါ။ 

ကယ်လီဖိုးနီးယားရှိ အသက် ၁၉နှစ် Liem Pham ဟာ အရပ်၆ပေရှိပေမယ့် ပိန်တော့ အားလုံးက ဝိုင်းနောက်ကြပါတယ်။ အစကတော့ ဘာမှမဖြစ်ပေမယ့် နောက်ပိုင်းမှာ စိတ်ထဲတစ်မျိုးကြီးဖြစ်လာတယ်လို့ သူကပြောပါတယ်။ 

စိတ်ထဲကမခံနိုင်တော့ ကြိတ်ပြီး Gym သွားသွားဆော့ခဲ့တယ်။ လုံးဝ တောင့်တင်းတဲ့ ခန္ဓာကိုယ်တစ်ခုရစေရမယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နေ့မှာတော့ အားလုံး အံ့သြသင့်ခဲ့ရပါတယ်။ ဆော့နေချိန်အတွင်းမှာ အများကြီး ခက်ခဲခဲ့ပေမယ့် လိုချင်တဲ့ ခန္ဓာကိုယ်မျိုးရလာချိန်မှာတော့ အရမ်းကို ပျော်ရွှင်ပါတယ်တဲ့။ သူ့ကို ငပိန်လို့ ခေါ်ခဲ့တဲ့လူတွေကိုလည်း ပြန်ရန်တွေ့စရာမလိုပဲ ကောင်းကောင်းကြီး ချေပနိုင်ခဲ့ပါပြီ။ ဒီလိုဖြစ်အောင် ဒီလူတွေကပဲ တွန်းပို့ပေးခဲ့တာမို့ အရာအားလုံးဟာ ကောင်းဖို့ဖြစ်လာတယ်လို့ Liem Pham ပြောသွားပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations