ရုတ်တရက်ကြီးဖြစ်သွားတော့ အားလုံးလည်း စိတ်မကောင်းဖြစ်နေကြရပါတယ်..

တောင်ကိုရီးယားရဲ့ တက်တူးအများဆုံး မော်ဒယ်အဖြစ်သတ်မှတ်ခံထားရတဲ့ Marley Hong (or) Kim Woo-young ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုးလ်မြို့ ရှိ Mapo တံတားမှာ ကြီးမားတဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ BTS အဖွဲ့ခေါင်းဆောင် RM နဲ့ Wale တို့ရဲ့ ''Change'' သီချင်း ဗီဒီယိုမှာတောင် သူသရုပ်ဆောင်ပေးခဲ့ပါသေးတယ်။  

ယာဉ်တိုက်မှုဖြစ်ဖြစ်ပြီးချင်း နီးစပ်ရာဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာတွေက အလွန်ပြင်းထန်တာကြောင့် ကံဆိုးစွာနဲ့ လက်လျော့အရှုံးပေးလိုက်ရပါတယ်။ အင်စတာဂရမ်မှာလည်း followers ပေါင်း ၂၆ဝဝဝ ကျော်ရှိပြီး ဒီသတင်းဆိုးကြားပြီးနောက် ပရိတ်သတ်တွေဆီမှာ ဝမ်းနည်းကြေကွဲသံများနဲ့ ဆုတောင်းစာများ တက်လာခဲ့ပါတယ်။ 

“‌RI‌P, you will always be remembered.”

ရုတ်တရက်ကြီးဆိုတော့ အားလုံး မယုံနိုင်ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ဈာပနာကို Gwangju မြို့ မှာပြုလုပ်သွားမှာပါ။ “Rest in p‌‌ea‌ce. Fly high, angel.”

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations