ကြောက်စရာကြီး...

ရုပ်ရှင်တွေထဲကလို ခေါင်းပြတ်ကြီးကို လက်တစ်ဖက်ကကိုင် ၊ နောက်တစ်ဖက်က ပုဆိန်ကြီးကိုင်လာပြီးလမ်းလျှောက်လာတာမျိုး အိန္ဒိယမှာ တကယ်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ယောက်ျားဖြစ်သူက မိန်းမမှာ အဖော်ချွတ်မယ်လုပ်နေတာကို သိသိပြီးနောက်မှာ ဒေါသစိတ်တွေ မထိန်းနိုင်ပဲ ပုဆိန်နဲ့ ခေါင်းကိုဖြတ်ပစ်ခဲ့ပါတယ်။ 

အသက် ၅၃နှစ် Ramchandra Sheu Chavan လို့သိရတဲ့ ထိုအမျိုးသားဟာ သူ့မိန်းမခေါင်းကိုဖြတ်ပြီးနောက်မှာ ရဲစခန်းကိုတည့်တည့်မတ်မတ်ရောက်လာပါတယ်။ သူ့ရဲ့အမျိုးသမီး အသက် ၄၅နှစ် Sonabai Ramchandra Chavan ဟာ ကလပ်တစ်ခုမှာ အဖော်ချွတ်မယ်လုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး စကားများရန်ဖြစ်ရာမှ စိတ်မထိန်းနိုင်တော့ဘဲ ဒီလိုအခြေအနေထိရောက်ခဲ့တာပါ။ 

သူ့မိန်းမ ခေါင်းပြတ်ကြီးကိုကိုင်ပြီိး တစ်လမ်းလုံး ဒီတိုင်းလမ်းလျှောက်လာခဲ့တယ်။ အနီးနားရှိလူတွေလည်း ဒီမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်ခဲ့ရတယ်။ အမျိုးသားမှာ စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းချက်ရှိနေတာမျိုးလည်း မဟုတ်ပါဘူး။ သူ့ကိုလူသတ်မှုနဲ့ ဖမ်းဆီးချုပ်နှောင်သွားပါပြီ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations