ကလေးကို အပြစ်ပေးတဲ့သူမပုံစံက ကြည့်ရှုသူများအတွက် ဝေဖန်ချင်စရာဖြစ်လာခဲ့တယ်...

ကလေးတွေ အမှားလုပ်တဲ့အခါ အပြစ်ကို အမျိုးမျိုးပေးလို့ရပါတယ်။ ဒါပေမယ့် တစ်ချို့ မိဘတွေဟာ နားပဲမလည်တာလား၊ ကလေးအပေါ် မလုပ်သင့်တဲ့အရာမျိုးကို သိထားသင့်တဲ့ ဗဟုသုတပဲ မရှိတာလား။

Jessica ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့၆နှစ်အရွယ်သားလေး အပြစ်လုပ်ထားတာကို ဒေါသတွေ ထွက်ပြီး ဘယ်လို အပြစ်ပေးသွားလဲဆိုတာ ကြည့်ရှုသူတိုင်းကို ဒေါသထွက်စေခဲ့ပါတယ်။ ကလေးက ဘာအမှားလုပ်ထားလဲမသိဘူး။ ရေချိုးခန်းထဲမှာ ကလေးကိုအော်ငေါက်နေပါတယ်။ 

နောက်တော့ အချဉ်ဆော့တွေ ကလေးမျက်နှာပေါ် ညှစ်ထုတ်ပြီး မျက်လုံးတွေထဲလည်း ထည့်ပါတယ်။ ကလေးက ဘယ်လိုမှမခံနိုင်ပဲ ငိုတော့ အေးစက်နေတဲ့ရေတွေနဲ့ ကလေးကို ထပ်ပြီး ရေချိုးခိုင်းတယ်။ ဝေဖန်မှုတွေ အပြင်းထန်ရရှိပြီးနောက် ဗီဒီယိုကို အင်တာနက်ကနေ ဖြုတ်လိုက်ရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations