ဒီစာလေးဖတ်ပြီး အမျိုးသမီးတွေကို တန်ဖိုးထားတတ်ပါစေ...

ဟော်တယ် receptionist တစ်ယောက်ဖြစ်တဲ့ Ms.Duyenဟာ တစ်နေ့မှာ ဟော်တယ်ရှေ့ ကလေးလေးတစ်ယောက်ချီပြီး ရပ်နေတဲ့ အမျိုးသမီးကို တွေ့ပါတယ်။ သူမတွေ့တာ ၁ဝနာရီ ဝန်းကျင်လောက်မှာပါ။ ၁၁နာရီမှာ သူမအိပ်မယ်လုပ်တော့ အခန်းပြတင်းပေါက်ပိတ်ချိန်မှာ အဲ့ဒီချိန်ထိ မတ်တပ်ရပ်စောင့်နေတုန်းပါပဲ။ 

သူမလည်း မနေနိုင်တာနဲ့ အကျိုးကြောင်းသွားမေးကြည့်တော့ ထိုအမျိုးသမီးရဲ့ယောက်ျားက အလုပ်ရှိတယ်..နောက်ကျမယ် အိမ်ပြန်မအိပ်ဘူးဆိုပြီး ဒီဟော်တယ်ရောက်နေကြောင်း သိရလို့ လိုက်လာတာတဲ့။ ထင်ထားတဲ့အတိုင်း ယောက်ျားဖြစ်သူ ဖောက်ပြန်နေတာကို သိသိနဲ့ ဟော်တယ်ထဲလည်းမ၀င်နိုင် အပြင်မှာပဲ မတ်တပ်ရပ်နေပါတယ်။ 

Ms.Duyen လည်း မနေနိုင်တာနဲ့ သူမရဲ့ကျန်းမာရေးနဲ့ ကလေးလည်းရှိနေတော့ အထဲကို ဝင်ခဲ့ဖို့ပြောရပါတယ်။ ထိုအမျိုးသမီးလည်း မျက်ရည်တွေကျနေပြီး ကလေးလေးလည်း ငိုနေပါတယ်။ ဒီလို မတ်တပ်ရပ်နေမယ့်အတူတူ အိမ်ကိုပြန်ပါပြောတော့လည်း မပြန်ဘူး။ သူမ အမျိုးသားကို Ms.Duyen မှတ်မိပါတယ်။ 

မိန်းမငယ်လေးတစ်ယောက်နဲ့ ပျော်ပါးပြီးရောက်လာတာ။ စောင့်မယ်ဆို ကလေးကို ငဲ့ညှာတဲ့အနေနဲ့ဟော်တယ်ထဲမှာ စောင့်ဖို့ ပြောရတယ်။ 

ဒီိအမျိုးသမီးရင်ထဲ ဘယ်လောက်တောင်နာကျင်နေမလဲ မိန်းကလေးချင်း ကိုယ်ချင်းစာမိပါတယ်။ ကလေးလေးတောင် လသားပဲရှိသေး။ ကိုယ့်ယောက်ျားက အခြားမိန်းမနဲ့ ဖောက်ပြန်နေတဲ့ အခြေအနေမျိုးဘယ်မိန်းမမှ ကြုံတွေ့ချင်မှာမဟုတ်ပါဘူး။ နောက်တစ်နေ့ မနက် သူတို့ချင်း ထိပ်တိုက်တွေ့တော့ ယောက်ျားဖြစ်သူနဲ့ဟော်တယ်အပြင်မှာ စကားအေးဆေးသွားပြောကြပါတယ်။ အမျိုးသမီးရဲ့ရင်ထဲ ဘယ်လောက်ခံစားနေရမလဲဆိုတာ အပြင်လူအနေနဲ့တောင် အတိုင်းသားမြင်နေရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations