အိုင်ဒီယာလေးကောင်းသွားတယ်....

ဂျပန်နိုင်ငံ တောင်ပိုင်းက ပုရစ်ကောင်လေးတွေကို Vending Machineနဲ့ရောင်းနေတာ ရေပန်းစားနေပါတယ်။ 

အောက်တိုဘာလမှာ စတင်ခဲ့တာဖြစ်ပြီး ပိုးကောင်ပေါင်း ၁ဝမျိုးကိုရောင်းချခဲ့ပါတယ်။ ဒီတီထွင်မှုဟာ ဒေသခံတွေမက အခြားခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ 

Livedoor News သတင်းအရ ပုရစ်ကောင်တွေ ယန်း ၁၃ဝဝ(၁၂ဒေါ်လာ)နဲ့ ရောင်းကောင်းနေချိန်မှာCricket Protein Bar က ယန်း ၇ဝဝ(၇ဒေါ်လာ)နဲ့ ရောင်းပေးခဲ့တာဖြစ်ပါတယ်။ ပုရစ်တွေကို ထိုင်းနိုင်ငံမှာတင်သွင်းတာဖြစ်ပြီး အခြားစားလို့ရတဲ့ ပိုးကောင်အမျိုးစားတွေလည်း ရောင်းပါသေးတယ်။ 

အသက် ၃၄နှစ် Tomoda Toshiyuki က လမ်းသွားလမ်းလာလူတွေ အချိန်မရွေးထုတ်ယူစားသောက်နိုင်မယ့် ဒီအိုင်ဒီယာကို အကောင်ထည်ဖော်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အသေးစား စီးပွားရေးကနေ တစ်လကို ယန်း ၅သိန်း(ဒေါ်လာ ၄၆ဝဝ) ရရှိခဲ့ပါတယ်။ 

သူကိုယ်တိုင်က ပုရစ်ကိုအရမ်းမုန်းခဲ့တာဖြစ်ပေမယ့် ဒါပေမယ့် သူ့ရဲ့အရသာဟာ ပုဇွန်လေးလိုပဲ အရမ်းချိုပြီး ပုရစ်ကြိုက်သူတွေက အတော်များရှိတာကြောင့် ဒီလုပ်ငန်းကိုစတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ တွစ်တာမှာတော့ ပုရစ် Vending Machine ဟာ နာမည်ကြီးနေပါပြီ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations