သူတောင် ချစ်သူလေးရသွားပြီနော်.. xD

လူတော်တော်များများ သူ့ကိုသိကြမှာပါ။ သူ့ရဲ့နာမည်က Timmy Sun ဖြစ်ပြီး တစ်ခါက နာမည်ကြီးသွားတဲ့ ဗီဒီယိုမှာ ချစ်သူရှာပုံတော်ဖွင့်ထားတာဖြစ်ပါတယ်။ မကြည့်ရသေးတဲ့သူတွေအတွက် ဗီဒီယိုလေးပြန်တင်ပေးလိုက်ပါတယ်။ 

အဲ့ဒီဗီဒီယိုကိုတင်ခဲ့တာ ၂ဝ၁၅ဝန်းကျင်လောက်ကပါ။ တစ်နှစ်ပြီး တစ်နှစ်ပြောင်းသွားတိုင်း သူ့မှာကောင်မလေးမရသေးဘူးလားဆိုပြီး အင်တာနက်သုံးစွဲသူများရဲ့ စနောက်ခြင်းကိုခံခဲ့ရပြီးနောက်မှာတော့ ပြီးခဲ့တဲ့ ၂ဝ၁၈ စက်တင်ဘာလမှာ အားလုံးကို အံ့သြသွားစေခဲ့ပါတယ်။ မောင် Timmy ရဲ့စကေးကို အထင်တော့မသေးစေလို.. 

ဖြူဖြူချောချော ကောင်မလေးတစ်ယောက်နဲ့ rs တောင်ချိတ်လိုက်ပါပြီနော်။ နောက်ဆုံးတော့ Timmy Sun တစ်ယောက်ချစ်သူရသွားပြီဆိုပြီး အားလုံးက ဝမ်းသာနေကြပါတယ်။ သူ့ကောင်မလေးနဲ့ ဗီဒီယိုတွေလည်း အင်စတာဂရမ်တင်ထားပါသေးတယ်။ အာ့ကြောင့်ပြောပါတယ်... FA ... FA ဆိုပြီး ဘယ်သူမှလျော့တွက်လို့ မရပါဘူးလို့... 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations