ဘာတွေပဲဖြစ်နေပါစေ.. လက်မလျော့လိုက်ပါနဲ့.. ကိုယ့်ထက်အခြေအနေဆိုးတဲ့သူတွေ အများကြီးပါ...

ဘဝမှာ နည်းနည်းလေးအဆင်မပြေတာနဲ့ ကံကြမ္မာကိုအပြစ်တင်နေမယ့်အစား ကိုယ့်ထက်အခြေအနေဆိုးတဲ့လူတွေ ရှိသေးတယ်။ ဒီလူတွေနဲ့စာရင် ငါဟာအများကြီး ကံကောင်းပါလားလို့လည်း တွေးမိပါတယ်။ ကိုယ်ခန္ဓာ အင်္ဂါတွေချို့ ယွင်းနေပေမယ့်လည်း စိတ်အားကိုအသုံးပြုပြီး မိသားစုကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေသူ အမျိုးသမီးတစ်ယောက်ရဲ့စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါပဲ။ 

Nurasamawati Mahmud ဆိုတဲ့ အမျိုးသမီးဟာ မွေးရာပါ အင်္ဂါချို့ ယွင်းချက်နဲ့ ဘဝရဲ့ကံဆိုးမိုးမှောင်ကျမှုကို ရင်ဆိုင်နေရသူပါ။ ခြေရော ၊ လက်ပါ မွေးတည်းက မပါလာခဲ့ဘူး။ ဒါပေမယ့်လည်း အလျော့မပေးဘူး။ ဖြစ်သမျှကို လက်ခံပြီး သူ့မှာရှိတဲ့အရာနဲ့ မိသားစုကို ဘယ်လိုကူညီရမလဲတွေးတယ်။ 

လျှာတစ်ခုတော့ အသုံးပြုလို့ရနေသေးတဲ့အတွက် လျှာနဲ့ပဲ ဖုန်းတွေ ၊ လက်တော့တွေကို အသုံးပြုတယ်။မိသားစု စီးပွားရေးကို ဆိုရှယ်မီဒီယာမှာ ဈေးကွက်ရှာပြီးနောက် သူမရဲ့လုပ်အားနဲ့ ပဲငံပြာရည်ဘူးတွေ၊ ဆော့ဘူးတွေ ၄ဝဝဝနီးပါးလောက် ရောင်းရခဲ့ပါတယ်။ 

မက်ဆေ့ခ်ျတွေ၊ ဖုန်းအဝင်ကောလ်တွေလက်ခံပြောပေးပါတယ်။ အားလုံးကို သူမရဲ့လျှာတစ်ခုတည်းအသုံးပြုပြီး လုပ်ပေးသွားတာပါ။ အခုဆို သူမအသက်က ၃ဝလောက်ရှိပါပြီ။ ဖေ့ဘွတ်စ်မှာ friend အယောက် ၁ဝဝလောက်ရှိနေပါပြီ။ 

သူမရဲ့အရည်ချင်းက သာမာန်လူနီးနီးလောက်ရှိပါတယ်။ ကျောင်းစာကိုတောင် ဆုံးခန်းတိုင်အောင်မသင်ရတဲ့သူမအနေနဲ့ ဒါတွေကို ဘယ်လိုသိလဲဆိုတာတော့ အခုခေတ်မှာ စိတ်ဝင်စားရင် အကုန်တတ်မြောက်လွယ်တာကြီးပါပဲ။ ဒါကြောင့် ကိုယ့်ဘဝကိုယ် ဆိုး​ဝါးလှပြီထင်ရင် ဒီလိုလူတွေရှိသေးတယ်ဆိုတာ သတိရလိုက်ပါနော်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations