ဆူရှီမစားရဲတော့ဘူးလို့ တစ်ချို့ သူတွေကတော့ ပြောနေပြီ..

ဂျပန်နိုင်ငံ ဆူရှီစားသောက်ဆိုင်တစ်ခုက ဝန်ထမ်းတစ်ယောက်ရဲ့လုပ်ရပ်ကြောင့် စားသောက်တာဝန်ရှိသူများက ထိုဆိုင်ကို ပိတ်ပင်လိုက်ပါပြီ။ 

အမှိုက်ပုံးထဲက ငါးကိုထုတ်ပြီး စားသုံးသူကို ရောင်းချခဲ့တဲ့ ဗီဒီယိုကို အမိအရဖမ်းမိခဲ့ပါတယ်။ 

အမှိုက်ပုံးထဲက ငါးကိုထုတ်ပြီး လှီးနေတာကို ဗီဒီယိုရိုက်တဲ့လူကလည်း သဘောကျရယ်မောနေကြပါတယ်။ 

တွစ်တာမှာတော့ ဗီဒီယိုဟာပျံနှံ့သွားခဲ့ပါတယ်။ စားသုံးသူတွေအတွက် မတွေးပဲ သူတို့ပျော်ရွှင်မှုအတွက်သူတို့ ဒီလိုလုပ်ရက်တာကို အင်တာနက်သုံးစွဲသူများက ဝေဖန်နေကြပါပြီ။ 

ဒီအဖြစ်ပျက်နဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေပြောတာတော့ အမှိုက်ပုံးထဲကနေငါးတွေ ထုတ်တာမှန်ပေမယ့် စားသုံးသူတွေကို ရောင်းခဲ့တာမဟုတ်ပါဘူးတဲ့။ ဒါဟာ သူတို့အပျော်သက်သက် ရိုက်ကူးခဲ့တယ်လို့ပြန်ဖြေရှင်းချက်တော့ ပေးထားပါတယ်။ ဟုတ်လား ၊ မဟုတ်လား ဆိုတာ သူတို့စုံစမ်းနေကြပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations