ပြုတ်ကျပြီးပြီးချင်း လမ်းထလျှောက်နိုင်သူလေး...

တရုတ်နိုင်ငံ Chongqing မှာနေထိုင်တဲ့ ၆နှစ်အရွယ် ကလေးမလေး ၂၆လွှာတိုက်ပေါ်ကနေ ရုတ်တရက်ပြုတ်ကျလာပါတယ်။ ဒီလောက်အမြင့်ကနေ ပြုတ်ကျလာတာတောင် ဒဏ်ရာအနည်းငယ်သာရပြီး ကောင်းကောင်းမြေပေါ်မှာတောင် လမ်းလျှောက်နေတာတွေ့ရပါတယ်။ 

အပေါ်ကနေ ပြုတ်ကျလာတဲ့အရှိန်ကြောင့် အောက်အခန်းတွေက fiberglass ခေါင်မိုးတွေပါ ပြုတ်ထွက်ကုန်ပါတယ်။ ဒါပေမယ့်လည်း ကလေးဟာ ပြုတ်ကျပြီး မြေပြင်ပေါ်မှာ ခဏတာငြိမ်ပြီး အေးဆေးလမ်းလျှောက်သွားတာ တွေ့ရပါတယ်။ သွေးပူနေတုန်းမို့ဖြစ်ပါလိမ့်မယ်... နောက်တော့ ဆေးရုံသွားပြချိန် ညာလက်တစ်ချောင်းလုံး ကျိုးနေတာတွေ့ရပါတယ်။ သူမပြုတ်ကျတဲ့ ဗီဒီယိုကိုဖော်ပြလိုက်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations