ဒရမ်တီးနေတဲ့ အတိုင်းပါပဲ....

ဂျပန်အမျိုးသမီးတစ်ဦးရဲ့မီးဖိုချောင်ထဲက ပိုးဟပ်ကို မောင်းထုတ်တဲ့ ဗီဒီယိုဟာ တွစ်တာမှာတော့နာမည်ကြီးနေလေရဲ့။ သူကတော့ ဒီတိုင်းရိုးရိုး မောင်းထုတ်တယ်ဆိုပေမယ့် အနုပညာခံစားတတ်တဲ့လူတွေရဲ့နားထဲမှာတော့ သူမရဲ့ပိုးဟပ်မောင်းထုတ်သံဟာ ဒရမ်တီးနေတဲ့ အတိုင်းပဲတဲ့။ 

ထိုအမျိုးသမီးဟာ ပိုးဟပ်သိပ်ကြောက်ပါတယ်တဲ့ ။ အစက ပိုးဟပ်ပြေးတဲ့ စပရေးနဲ့ဖြန်းလိုက်ပေမယ့် အခြားနေရာကိုပျံသွားပါတယ်။ ပိုးဟပ်ပျံသွားတဲ့နေရာက မီးဖိုအောက်က အံဆွဲထဲကိုရောက်သွားတော့ အပေါ်ကနေ သံချောင်းခေါက်တယ်။ အံဆွဲကိုလည်း ဆွဲလိုက် ပိတ်လိုက် လုပ်လိုက်တယ်။ 

သူမရဲ့ပိုးဟပ်မောင်းသံဟာ ဒရမ်တီးနေတာနဲ့တူလို့ဆိုပြီး ၄စက္ကန့်စာရိုက်ထားတဲ့ ဒီဗီဒီယိုလေးဟာဆိုရှယ်မီဒီယာမှာ ကြည့်ရှုသူပေါင်း ၁၁မီလီလျံကျော်တောင် ရှိသွားပါတယ်။ ပိုးဟပ်ကြောက်တဲ့လူတွေလည်း သူမအဖြစ်ကို စာနာနားလည်ကြတယ်ဆိုပြီး ပြန်တွစ်ထားကြပါတယ်။  

သူမရဲ့ဗီဒီယိုကို တီးလုံးတွေပြန်ထည့်ပြီး နားထောင်ကောင်းအောင် ပြင်တဲ့လူတွေကလည်း ရှိပါသေးတယ်။ ကြည့်ကြည့်လိုက်ပါဦးနော်.. 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations