လူတစ်ယောက်မှာ ဆံပင်ဟာလည်းအရေးကြီးပါတယ်။ဆံပင်ပုံစံက လူတစ်ယောက်ကို အများကြီးပြောင်းလဲသွားစေတယ်။ လေ့လာချက်များအရ သင့်ရဲ့ဆံပင်အရှည်က သင့်ကိုပြောပြနေတဲ့ သင့်အကြောင်းတွေဟာ တကယ်ကိုထူးခြားပါတယ်။ ထင်ထားတာထက် ကိုယ်ဟာဘယ်လိုလူမျိးဖြစ်နေမလဲ..ကြည့်ကြည့်ရအောင် ..။
ဒီလိုဆံပင်အတိုမျိုးပိုင်ဆိုင်ထားတဲ့လူဆိုရင်တော့ - သင်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်။ အပေါင်းသင်းများတယ်။ အပျော်ပါးမက်တယ်။မိတ်ဆွေသစ်တွေနဲ့ခင်မင်ရင်းနှီးအောင် နေတတ်တယ်။သင်ဟာ အလုပ်ကိုလေးစားသလို ဉာဏ်လည်းကောင်းတယ်။ပြသနာတွေနဲ့ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သင်သိတယ်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တယ်။ တစ်ခါတစ်လေ သင်ကဘာမှမစဉ်းစားသလို ပြုမူတတ်တယ်။
သင်ဟာ အမှန်တရားကိုပွင့်ပွင့်လင်းလင်းပြောတတ်တဲ့လူပါ။ထိုအရာက သင့်ကို နာကျင်စေရင်တောင်ပေါ့။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့အလုပ်ကို ဘယ်လိုခွဲခြားထားရမယ်ဆိုတာ သင်သိတယ်။ အကြောက်တရားကင်းမဲ့ပြီး ဦးဆောင်လိုစိတ်ရှိတယ်။ သင်ဟာငြိမ်ငြိမ်နေတတ်သူမဟုတ်ဘူး။ အတွေ့အကြုံအသစ်တွေကိုအမြဲရှာဖွေနေသူဖြစ်တယ်။ တစ်ခါတစ်လေ သင့်ရဲ့အတွေးတွေဟာ ချွတ်ချော်သွားတတ်တယ်။
သင်ဟာ သိမ်မွေ့ နူးညံ့တဲ့မိန်းကလေးဘဝကိုပိုင်ဆိုင်ထားရတာ ခုံမင်တယ်။စကားပြောရတာ ကြိုက်သလို..သင့်ရဲ့သဘာဝအလှတရားက ဘေးနားကဖြတ်သွားတဲ့ လူတွေကိုတောင် လည်ပြန်ငေးစေလောက်တယ်။ စိန်ခေါ်မှုနဲ့ ပရောဂျက်အသစ်တွေကို သင်သဘောကျတယ်။ သူငယ်ချင်းအသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ သင်ဟာ အလွန်ကျွမ်းကျင်တယ်။
အရမ်းအလေးနက်ထားပြီး စိတ်ရှည်တယ်။ စိတ်ကူးယဉ်ဆန်သူဖြစ်တယ်။ အချစ်ရေးမှာ အချိန်တွေအကြာကြီးထိခိုင်မြဲနေပြီး သင်ဟာအနိုင်ရသူ..အချစ်ခံရသူဖြစ်တယ်။အိပ်မက်အတွက် သင်ဟာအတိုက်ခံလုပ်ပြီး မဖြစ်နိုင်တာကို အောင်မြင်ရမယ်လို့ခံယူထားတယ်။ လိုချင်တာကိုလည်း ရအောင်ယူတတ်သလို.. တစ်ခုခုဆိုကူညီဖို့ ဝန်မလေးတဲ့လူဖြစ်တယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations