ညဘက်တွေ အိပ်ပျော်အောင် မနက်ကိုကြည်ကြည်လင်လင်နဲ့ထနိုင်အောင် ဘာတွေလုပ်ရမလဲဆို ဖော်ပြလိုက်ပါတယ်။
တစ်နေကုန်အလုပ်မှာ ပင်ပန်းလာတယ်။အိမ်ရောက်ရင်တော့ အိပ်ပျော်ပြီလို့တွေးကောင်းကောင်းနဲ့ တွေးထားပြီး တကယ်လည်းအိပ်ရာဝင်တဲ့အခါ အိပ်ချင်နေတဲ့မျက်လုံးတွေက မှိတ်မရတော့ဘူး။ အဲ့လိုမျိုး သင်ရောဖြစ်ဖူးလား?ဒီလိုဖြစ်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အရမ်းဖိစီးမှုများနေတဲ့လူတွေတိုင်း အိပ်မပျော်ခြင်းဟာ ပုံမှန်အကျင့်တစ်ခုလိုဖြစ်နေပါပြီ။
အိပ်ရေးဝအောင် အိပ်
အိပ်ရေးဝအောင် အိပ်
လူတစ်ယောက်အတွက် အိပ်ရေးဝဖို့အရေးကြီးပါတယ်။လူကြီးတွေဆို ရနာရီ ၈နာရီလောက် အိပ်ရေးဝအောင်အိပ်ဖို့လိုပါတယ်။ အဲ့ထက်အိပ်ချိန်လျော့မယ်ဆို အလုပ်လုပ်ရတာ စိတ်မကြည်လင်သလို တစ်နေကုန်ထိုင်းမှိုင်းနေပါလိမ့်မယ်။
ကော်ဖီသောက်ခြင်းလျော့
ကော်ဖီသောက်ခြင်းလျော့
အလုပ်မှာ ခေါင်းကြည်အောင်ဆိုပြီး ကော်ဖီတွေဖိသောက်မျိုးရှောင်ရပါမယ်။ကဖင်းဓာတ်တွေအရမ်းများသွားရင် ခန္ဓာကိုယ်ကအရမ်းတက်ကြွနေပြီး အိပ်ချင်စိတ်ကိုပျောက်စေတယ်။ အိပ်တဲ့အခါမှာလည်း မကြာခဏမျက်စိကြောင်နေတတ်ပါတယ်။
လတ်ဆက်တဲ့လေရှု
လတ်ဆက်တဲ့လေရှု
အိပ်ရာမဝင်ခင် လတ်ဆက်တဲ့လေရှုရှိုက်ခြင်းကို အကျင့်တစ်ခုလိုလုပ်ထားပါ။ မပျင်းပါနဲ့ ညနေတိုင်း လေကောင်းလေသန့်ရှုရှိုက်နိုင်ဖို့ အရေးကြီးပါတယ်။တစ်နာရီလောက် လေကောင်းလေသန့်ရှုလိုက်ရုံနဲ့ သင့်ရဲ့တစ်ညတာလုံးနှစ်ခြိုက်စွာအိပ်ပျော်နိုင်မယ်လို့ အာမခံပါတယ်။
နွေးထွေးတဲ့အရည်တစ်ခုခုသောက်
နွေးထွေးတဲ့အရည်တစ်ခုခုသောက်
လမ်းလျှောက်ထွက်ပြီး ပြန်လာရင် လက်ဖက်စိမ်းဖျော်ရည်ပဲဖြစ်ဖြစ်၊ နို့အပူ ဒါမှမဟုတ် ပျားရည်ပူပူလေးတစ်ခွက်လောက်သောက်သုံးပေးပါ။
ခေါင်းအုံးအနေထားမှန်ကန်ပါစေ
ခေါင်းအုံးအနေထားမှန်ကန်ပါစေ
သင်ဟာ ပက်လက်အိပ်တတ်တဲ့လူဆိုရင် ခေါင်းအုံးကိုဒူးအောက်နားလောက်မှာ ခုအိပ်ပါ။ ဘေးတစောင်းအိပ်တတ်သူဆို ခြေထောက်နှစ်ခုကြားမှာ ခေါင်းအုံးတစ်လုံးညှပ်အိပ်ပါ။ဒီလိုအိပ်စက်ခြင်းက သင့်ရဲ့သွေးလည်ပတ်နှုန်းကိုကောင်းစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။
အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ မအိပ်ပါနဲ့
အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ မအိပ်ပါနဲ့
ခွေးလေးတွေ၊ကြောင်လေးတွေကို ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်လိုသဘောထားကြပါတယ် ။ ဒါပေမယ့် သူတို့ကိုချစ်လို့ အိပ်ယာပေါ်ခေါ်သိပ်တာမျိုးမလုပ်သင့်ပါဘူး။ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အိပ်ခြင်းဟာ သင့်ကိုအိပ်မပျော်တဲ့ရောဂါ ၆၄ရာခိုင်နှုန်းထိဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။
ကြက်သွန်ဖြူကိုသင့်ရဲ့ခေါင်းအုံးအောက်မှာ ထားအိပ်
ကြက်သွန်ဖြူကိုသင့်ရဲ့ခေါင်းအုံးအောက်မှာ ထားအိပ်
ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားအိပ်ရင် အိပ်ပျော်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေပြောပါတယ်။ တကယ်ပဲ ကြက်သွန်ဖြူက နှစ်ခြိုက်အောင်အိပ်ပျော်နိုင်ရန် စွမ်းဆောင်နိုင်တယ်လို့သိရပါတယ်။
အိပ်ခါနီး ဖုန်းမကြည့်နှင့်
အိပ်ခါနီး ဖုန်းမကြည့်နှင့်
ဖုန်းကြည့်ခြင်းဟာ သင်ထင်ထားတာထက် အများကြီးထိခိုက်စေပါတယ်။ ဖုန်းကလာတဲ့အလင်းရောင်ဟာ မျက်လုံးကိုထိခိုက်စေသလို အာရုံကြောထိ ဒုက္ခပေးနိုင်ပါတယ်။ ထိုအလင်းရောင်ကြောင့် မျက်လုံးကြောင်ပြီးအိပ်မပျော်နိုင်ဖြစ်တတ်ပါတယ်။
လာဗန်ဒါပန်းလေး အနီးတစ်ဝှိက်မှာထား
လာဗန်ဒါပန်းလေး အနီးတစ်ဝှိက်မှာထား
ဒီမှာတော့ လာဗန်ဒါမရှိတော့ အဆင်မပြေလောက်ပါဘူး။ဒါပေမယ့် သူ့ရဲ့ကောင်းကျိုးကိုတော့ ဗဟုသုတအနေနဲ့သိအောင် တင်ပေးလိုက်ပါတယ်။လာဗန်ဒါရဲ့မွှေးရနံ့က သင့်ကိုအိပ်ပျော်အောင် ချော့သိမ့်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် သူ့ရဲ့အဆီကိုအသုံးပြုပေးလည်း ရပါတယ်။
နေ့လည်နေ့ခင်း တစ်ရေးအိပ်
နေ့လည်နေ့ခင်း တစ်ရေးအိပ်
နေ့ခင်းတွေဆို တစ်ရေးအိပ်ပေးသင့်ပါတယ်။ လန်းလန်းဆန်းဆန်းဖြစ်နေအောင် တစ်နေ့ကို ၁ဝမိနစ်ကနေ မိနစ်၃ဝထိအနားယူသင့်ပါတယ်။ အကြာကြီးအိပ်မိရင်တော့့ သွေးလေးသွားပြီး မကြည်မလင်ဖြစ်နိုင်ပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations