ပျော်ရွှင်စရာကောင်းတဲ့ Relationships တစ်ခုကို ပိုင်ဆိုင်ချင်ရင် ဒါတွေသိထားသင့်တယ်..

အိပ်ရာမဝင်ခင် ကိုယ့်ချစ်ရတဲ့သူနဲ့အချိန်အတူကုန်ဆုံးပေးဖို့က သိပ်အရေးကြီးပါတယ်။ အချိန်ဘယ်လောက် ကုန်ဆုံးသည်ဖြစ်ပါစေ.. တစ်နာရီ(သို့) မိနစ်အနည်းငယ်လောက်ပဲဖြစ်ပါစေ..အတူရှိနေပေးဖို့က အရေးကြီးပါတယ်။ ထိုအချိန်တွင်းမှာ သင်တို့နှစ်ယောက်စကားပြောတာပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ကြောင်းပြတာပဲဖြစ်ဖြစ်၊ ကိုယ်ဆန္ဒရှိရာလုပ်ဆောင်နိုင်ပါတယ်။ 

ဇနီးမောင်နှံှံ့တွေ အိပ်ရာမဝင်ခင်လုပ်ဆောင်ရမယ့် ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းလေးတွေကို စိတ်ပညာရှင်များက စုဆောင်းပြီးဖော်ပြပေးလိုက်ပါတယ်။ 

ဖုန်းအသံပိတ်ထားခြင်း

ဖုန်းအသံပိတ်ထားခြင်း

အင်တာနက်များစွာအသုံးပြုခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ကို များစွာလေးလံထိုင်းမှိုင်းစေပါတယ်။ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းတွေဟာ တက်ကြွမှုမရှိတော့ဘဲ သင့်ရဲ့ခေါင်းကိုလည်းထိခိုက်စေပါတယ်။ စိတ်ပညာရှင် Carol Carey က ည(၉)နာရီဒေါင်ဆိုတာနဲ့ ဖုန်းကိုအဝေးမှာချထားလိုက်ဖို့ အကြံပြုထားပါတယ်။ 

အလုပ်အကြောင်းတွေမေ့ထား

အလုပ်အကြောင်းတွေမေ့ထား

အိပ်ရာမဝင်ခင် အီးမေးလ်စစ်တဲ့အကျင့်ကိုကြိုးစားဖျောက်ပြီး အလုပ်ကိစ္စတွေကို မေ့ထားလိုက်ပါ။ မနက်ဖြန်ကြရင်လည်း အလုပ်မှာအားတွေသုံးရဦးမှာဖြစ်တဲ့အတွက် ညဘက်မှာကောင်းကောင်းအနားယူသင့်ပါတယ်။ 

ကိုယ်ချစ်သူနဲ့ တစ်ကုတင်တည်း ကြည်နူးစရာစကားတွေပြောနေခြင်းကလည်း သင့်ရဲ့ပြဿနာတွေကို မေ့ပျောက်စေပါတယ်။ အလုပ်အကြောင်း၊ ပိုက်ဆံပြဿနာအကြောင်းပြောခြင်းက သင်ချစ်ရတဲ့သူကို ပိုပြီးစိတ်ပင်ပန်းစေပါတယ်။ 

အတူတူအိပ်ရာဝင်ခြင်း

အတူတူအိပ်ရာဝင်ခြင်း

ခုခေတ်မှာ ယောက်ျားရော၊ မိန်းမပါ အလုပ်ထွက်လုပ်နေပြီမို့ တစ်နေ့ကုန်မှညဘက်လေးပဲ နှစ်ယောက်တွေ့ရတာပါ။ စိတ်ပညာရှင် Curt Smithက ပျော်ရွှင်စရာကောင်းတဲ့ လင်မယားဆိုတာ အတူတူသွားတိုက်ပြီး အတူတူအိပ်ရာဝင်လေ့ရှိကြတယ်လို့ ပြောပါတယ်။ ဒီနည်းလမ်းက သင်တို့နှစ်ယောက်ကြားဆက်ဆံရေးကို ပိုမိုနွေးထွေးစေပါတယ်။ 

နှလုံးသားခြင်းစကားပြောမယ်

နှလုံးသားခြင်းစကားပြောမယ်

တစ်ယောက်ခံစားချက်ကို တစ်ယောက်က လေးစားမှုရှိပေးရပါမယ်။ ပြဿတစ်ခုအတွက် အကြံပေးခြင်း (သို့) ချက်ချင်းဖြေရှင်းပေးတာမျိုးတွေမလိုအပ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ့်ခံစားချက်ကို သေချာနားထောင်ပေးမယ့်လူမျိုးကိုသာ လိုအပ်ကြပါတယ်။ အိပ်ရာမဝင်ခင် တစ်ယောက်ပြောချင်တာကို သေချာဂရုတစိုက်နားထောင်ပေးတဲ့အခါ နှစ်ယောက်သားဆက်ဆံရေးကိုပိုပြီး ခိုင်မြဲစေပါတယ်။ 

အိပ်ရာမဝင်ခင် စကားမများကြနှင့်

အိပ်ရာမဝင်ခင် စကားမများကြနှင့်

အိပ်ရာမဝင်ခင် နှစ်ယောက်ကြား အဖုထစ်တွေဖြစ်နေမယ့်စကားတွေမပြောတာအကောင်းဆုံးပါပဲ။ ရန်ဖြစ်ပြီး အိပ်ရာဝင်ခြင်းဟာ ဘယ်တော့မှပြဿနာတစ်ခုကိုပြေလည်စေမှာမဟုတ်ပါဘူး။ ဒါ့အပြင် တော်တော်နဲ့လည်းအိပ်ပျော်စေမှာမဟုတ်ပါဘူး။ နောက်တစ်နေ့ထိ ထိုစိတ်ခံစားချက်ကြီးက လိုက်လံဒုက္ခပေးနေတတ်ပါတယ်။ 

ကလေးတွေနဲ့အတူရောပြီး မအိပ်နဲ့

ကလေးတွေနဲ့အတူရောပြီး မအိပ်နဲ့

စိတ်ပညာရှင် Michael Viner-Davisက ကလေးတွေ အိပ်မက်ဆိုးမက်တဲ့အခါ မိဘတွေက ကုတင်ပေါ်အိပ်ခွင့်ပြုကြပါတယ်။ အခြားအချိန်တွေမှာတော့ကလေးတွေကို သီးသန့်ခွဲသိပ်ဖို့လိုပါမယ်။ သင်တို့နှစ်ယောက်အတွက်လည်း သီးသန့်အချိန်တစ်ခု သတ်မှတ်ထားသင့်တယ်လို့ ပြောထားပါတယ်။ 

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူမအိပ်နဲ့

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူမအိပ်နဲ့

Kansas တက္ကသိုလ်မှ သုတေသီတွေက အိမ်မွေးတိရစ္ဆာန်နဲ့အတူ အိပ်ရာဝင်ခြင်းဟာ သင့်ကိုလုံလောက်တဲ့အိပ်ရေးဝမှုမပေးနိုင်ဘူးလို့ ဆိုပါတယ်။ သင့်ရဲ့ကြောင်လေးက အိပ်မပျော်တဲ့အခါ သင့်ကိုနှောင့်ယှက်နေပါလိမ့်မယ်။သင်လည်း အိပ်ပျော်တော့မှာမဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေကိုလည်း အိပ်ရာသပ်သပ်ခွဲထားပေးသင့်ပါတယ်။ 

ပွေ့ဖက်ပြီး နမ်းပေးဖို့မမေ့ပါနဲ့

ပွေ့ဖက်ပြီး နမ်းပေးဖို့မမေ့ပါနဲ့

အိပ်ရာမဝင်ခင် ချစ်သူကို ပွေ့ဖက်ပြီး နမ်းပေးဖို့မမေ့ပါနဲ့။ အချိန်ခဏလေးပဲပေးရတဲ့အတွက် ဘာမှလည်း အပန်းကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ အရမ်းကိုသက်တောင့်သက်သာဖြစ်စေပြီး စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်ပါတယ်။ အိပ်ရာမဝင်ခင် ပွေ့ဖက်နမ်းရှိုက်ခြင်းဟာ နှစ်ယောက်ကြားဆက်ဆံရေးကိုအဆင်ပြေချောမွေ့စေတယ်လို့သိရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations