ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ခဲ့လို့တော်ပါသေးတယ်...

After School ကေပေါ့ပ် မိန်းကလေးအဖွဲ့မှ အဖွဲ့ဝင် Yoo So-young ဟာ ဖျော်ဖြေရေး စီအီးအိုရဲ့လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ခံခဲ့ရဖူးကြောင်း ဖွင့်လာပါတယ်။ 

သူမက အလုပ်ကိစ္စအတွက် ညနေစာသွားစားတဲ့အချိန်မှာဖြစ်သွားခဲ့တာပါတဲ့။ '' ကျွန်မဒီကိစ္စကို တစ်ချိန်လုံးပြောပြချင်နေခဲ့တာပါ။ ကျွန်မတို့အကုန်လုံးသောက်ပြီး အိမ်ပြန်တယ်။ စီအီးအိုက ကျွန်မကိုအိမ်ပြန်လိုက်ပို့ပေးမယ်ပြောတယ်.. ကျွန်မလည်းတစ်ယောက်ဖြစ်နေတာနဲ့ တက္ကစီအတူငှားသွားကြတယ်။ ကားပေါ်ရောက်တော့ သူကျွန်မလက်ကိုကိုင်တယ်.. အဲ့တည်းက ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်မသိသွားပြီ..

စီအီးအိုကို ကျွန်မအတင်းတွန်းထုတ်ပြီး တက္ကစီပေါ်ကဆင်းခဲ့တယ်။ သူကျွန်မနောက်ကလိုက်လာပြီး စကားပြောချင်တယ်တဲ့.. အဲ့ချိန်တော်တော်မိုးချုပ်နေပြီ... ဘာဆိုင်မှမဖွင့်တော့ဘူး။ ကျွန်မလည်းကြောက်တာနဲ့ ၂၄နာရီဖွင့်တဲ့ဆိုင်ကို သွားမယ်ပြောလိုက်တယ်...။ 

လက်ကို ထပ်ကိုင်ပြီး ကျွန်မကိုသဘောကျတယ်လို့ပြောတယ်။ သူ့ကို လက်မခံမချင်း ကျွန်မလက်ကိုမလွှတ်ဘူးတဲ့ ။ ကျွန်မလည်း ရှင့်ကို သဘောမကျဘူး..တောင်းပန်ပါတယ်.. စာချုပ်ကိုဖျက်ချင်လည်း ဖျက်လိုက်ပါလို့ ပြောလိုက်တယ်။ '' လို့ Yooက ဖွင့်ဟခဲ့ပါတယ်။ 

ထိုကိစ္စပြီးနောက် လေးရက်အကြာမှာ သူမနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကိုဖျက်လိုက်တယ်လို့ သိရပါတယ်။ ၂ဝဝ၉ခုနှစ်တည်းက Yoo ကAfter School ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်သို့ကူးပြောင်းသွားပြီး အနုပညာရှင်တွေရဲ့ဘဝနဲ့ ပြည့်တန်ဆာတွေရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ “Beastie Girls '' ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ 

Yoo လုံခြုံစွာနဲ့ အိမ်ပြန်ရောက်သွားလို့တော်ပါသေးတယ်။ ထိုနေ့က သူမရဲ့ဥာဏ်ပြေးမှုကြောင့် ဘာမှဆိုးဆိုးဝါးဝါးမဖြစ်ခဲ့တာကံကောင်းတယ်ပြောရပါမယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations