ဘာကြောင့်အနမ်းခံရတာနဲ့ သေဆုံးရတာလည်း ?

ကနေဒါနိုင်ငံက အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဟာ မြေပဲနဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိသူဖြစ်ပါတယ် ။ သူမဟာ အဲ့ဒီနေ့က ချစ်သူနဲ့ နမ်းရှုံမှုပြုလုပ်ပြီး အသက်ရှုကျပ်ကာ ဆေးရုံတင်ခဲ့ရပါတယ်။

သူမရဲ.ချစ်သူ အမျိုးသားက မြေပဲပါတဲ့ ဆင်းဒွစ်ခ်ျတွေ အများကြီးစားထားမိပြီး သူမကို အနမ်းခြွေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို နမ်းရှုံမှုပြုပြီးချိန်မှာ သူမမှာ ဓါတ်မတည့်တဲ့ရောဂါကြောင့် အသက်ရှုမရတဲ့အထိ ဖြစ်သွားခဲ့ရပြီး သူမချစ်သူကလည်း ဆေးရုံက အရေးပေါ်ငှာနာကို ဖုန်းဆက် အရေးပေါ်ကားခေါ်ပြီး ဆေးရုံတင်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း သူမဟာ ကံဆိုးလွန်းရှာတော့ ဆေးရုံတောင် မရောက်လိုက်ပဲ လမ်းမှာတင် သေဆုံးသွားခဲ့ရပါတယ်။  အခုလို အစားအသောက် ဓါတ်မတည့်တဲ့ ရောဂါဝေဒနာရှင်တွေအနေနဲ့ ကိုယ့်မှာ ရှိတဲ့ ဓါတ်မတည့်မှုကို ပတ်ဝန်းကျင်ကို သတိပေးထားသင့်ပါတယ်။

Source : Fox News

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations