တော်တော်များများက ဒီဇာတ်ဝင်ခန်းတွေက အမှန်မဟုတ်ပေမယ့် ဒီဇာတ်ကားတွေက အမှန်ပဲ ချစ်တင်းနှောပြီး ရိုက်ခဲ့တာပါ။

1. 9 Songs

9 Songs ဟာ ဗြိတိသျှ ရိုမက်တစ် ဒရာမာ ဇာတ်ကားတစ်ကားဖြစ်ပြီး Michael Winterbottom က ရေးသား ရိုက်ကူးခဲ့ပါတယ် ။ ဇာတ်ကားရဲ. ခေါင်းစဉ်အတိုင်းပဲ သီချင်းကိုးပုဒ်ကို မတူညီတဲ့ ရော့ခ်ဂီတအဖွဲ့ ရှစ်ခုက တီးခတ်ထားပြီး ဇာတ်လမ်းဖန်တီးထားတဲ့ ဇာတ်ကားပါ ။ ဒီဇာတ်ကားက သရုပ်ဆောင်တွေဖြစ်တဲ့  Kieran O’Brien နဲ့  Margo Stilley တို့ဟာ ဇာတ်ကားထဲမှာ အမှန်တကယ် ချစ်တင်းနှောခဲ့တယ်လို့ အငြင်းပွားမှုတွေ ရှိခဲ့တာ အမှန်ပါပဲ။

2. Love.

Gaspar Noé က ရိုက်ကူးပေးထားတဲ့ ဒီဇာတ်ကားကတော့ ပြင်သစ်ဒရာမာ ရုပ်ရှင်ဖြစ်ပြီး ၊ ရုပ်ရှင်ကျောင်းသား Murphy နဲ့ သူ့ရဲ.ရည်းစားဟောင်း Electra ၊ သူနဲ့အိပ်ခဲ့တဲ့ အခြားအမျိုးသမီး Omi တို့ သုံးယောက်အကြောင်းကို ရိုက်ပြထားတာပါ ။ ဒီဇာတ်ကားဟာ ၂၀၁၅ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး 3D ဇာတ်ကားတစ်ကားပါ။

3. Anatomy of Hell

ဒီကားဟာလည်း ပြင်သစ် ဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဒါရိုက်တာ Catherine Breillat က ရိုက်ကူးပေးထားပါတယ် ။ ဒီဇာတ်ကားကတော့ အထီးကျန်ဆန်တဲ့ မိန်းမတစ်ဦးနဲ့ ဂေးတစ်ယောက်တို့ရဲ. လေးရက်တာ လိင်မှုဘဝကို ရိုက်ပြထားတာပါ ။ ထူးထူးခြားခြားပါပဲ။

4. In The Realm Of Senses

ဒီဇာတ်ကားကတော့ နာမည်ကျော် ဒါရိုက်တာ Nagisa Oshimaရဲ. ဂျပန်ဇာတ်ကားကောင်း တစ်ကောင်းဖြစ်ပြီး ၊ ဂျပန်အမျိုးသမီး Sada Abe နဲ့ သူ့ချစ်သူ Kichizo Ishida တို့ အကြောင်းဖြစ်ပြီး ၊ ဇာတ်သိမ်းကတော့ သင့်ကို ထိတ်လန့် တုန်လှုပ်စေပါလိမ့်မယ်။

5. Pola X

ဒီကားကလည်း ပြင်သစ်ဇာတ်ကား တစ်ကားဖြစ်ပြီး ၊ Herman Melville ရဲ. Pierre စာအုပ်ကို အခြေတည် ရိုက်ကူးထားတာပါ ။ 

6. Shortbus

ဒီဇာတ်ကားကတော့ အမေရိကန် ဟာသဇာတ်ကားဖြစ်ပြီး လိင်နဲ့ ပတ်သတ်တာတွေကို ဟာသလုပ်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ၂၀၀၀ ခုနှစ်အစောပိုင်းမှာ အခြေတည်ပါတယ်။


ဆက်လက်ဖတ်ရှုရန် Next ကို နှိပ်ပေးပါ



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations