လက်ရှိလူနေမှု ပုံစံကနေ မသိမသာလေး ပြင်ရုံနဲ့ အလေးချိန် ကျစေမယ့် နည်းတွေပါ

အပြင်းအထန် လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တောင် နာရီဝက်ဟာ လုံလောက်ပါတယ်

အပြင်းအထန် လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တောင် နာရီဝက်ဟာ လုံလောက်ပါတယ်


ကောင်းသတင်းကတော့ ဒိန်းမက်နိုင်ငံ ကိုပင်ဟေဂင် တက္ကသိုလ်ရဲ. သုတေသန ပြုမှုအရ နေ့စဉ် နာရီဝက်လောက် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဟာ တစ်နာရီအပြည့် လေ့ကျင့်ခန်း လုပ်ခြင်းထက် ၂၅ ရာခိုင်နှုန်း ပိုပြီးသိသာစွာ အလေးချိန် ကျဆင်းစေနိုင်ပါတယ်တဲ့

ဖြည်းညှင်းစွာ ဝါးစားပြီး အစားကို ကြေညက်ပါစေ


အစားကို အလျှင်အမြန် စားခြင်းဟာ မကောင်းတဲ့ အလေ့အကျင့် ဆိုတာ လူတိုင်းသိကြမှာပါ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး အစားကို အလျှင်အမြန်စားခြင်းဟာ သင့်ကို လိုအပ်တာထက် အစားကို ပိုစားမိပါသေးတယ်။ အစားကို အမြန်စားခြင်းကြောင့် သင့်ဦးနှောက်က သင့် အစာအိမ်ပြည့်ပြီလို့ သတ်မှတ်ချိန်မှာ သင်က ခန္တာကိုယ်က လိုအပ်တာထက် ပိုစားမိပြီးသား ဖြစ်နေတက်ပါတယ်။

ကွန်ပျူတာ ၊ တီဗီတို့ရှေ.မှာ အစာစားခြင်းကို ရှောင်ကြဉ်ပါ


အမေရိကန် ဂျာနယ်တစ်စောင်ရဲ. အဆိုအရ တီဗီကလာတဲ့ အစားအစာ ကြေငြာတွေဟာ သင့်ကို အစားစားချင်စိတ်နဲ့ အလွန်အကျွံစားမိခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင်က တီဗီ ဒါမှမဟုတ် ကွန်ပျူတာ ရှေ.မှာ အစားစားခြင်းဖြင့် သင့်အစားအစာအပေါ် အလေးမထားမိပဲ သင်ဘယ်လောက် စားလိုက်မိတယ်ဆိုတာကို သတိမူမိမှာ မဟုတ်တော့ပါဘူး။

အစားအစာ အညွှန်းတွေကို သေချာဖတ်ပါ

အစားအစာ အညွှန်းတွေကို သေချာဖတ်ပါ


သင့်အနေနဲ့ အစားအစာတွေရဲ. အကြောင်း အညွှန်းတွေကို သိထားသင့်ပါတယ် ။ ဒါမှ သင့်ဟာ ကျန်းမာတဲ့အစားအစာ နဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအစာတွေကို ရွေးချယ်သိရှိနိုင်မှာပါ ။ 

ဒိန်ချဉ်နဲ့ အခွံမာသီးကို ပိုမိုစားသုံးပါ


လေ့လာမှုတွေအရ ဒိန်ချဉ်နဲ့ အခွံမာသီးတွေကို စားသုံးခြင်းဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းထက် ခန္တာကိုယ် အလေးချိန်ကျစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

အပူအစပ္မ်ား


အပူအစပ်နဲ့ ဆိုင်တဲ့ အစားအသောက်တွေဟာ သင့်ရဲ. ခန္တာဗေဒကို ကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။ ဒါကြောင့် အပူအစပ်ကို သင့်တင့်မျှတစွာ စားပေးသင့်ပါတယ်။

ရေသောက်ပါ


ရေသောက်ခြင်းဟာလည်း သင့်ရဲ. ခန္တာဗေဒကို အထောက်အကူဖြစ်စေပါတယ်။ သင့်အနေနဲ့ အစားအစာခင် ရေနှစ်ဖန်ခွက် သောက်သုံးခြင်းဟာ ခန္တာကိုယ်အလေးချိန်ကျဖို့ အထောက်အကူ ဖြစ်ပေပါတယ်တဲ့

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations