သင့်အနေနဲ့ သတိထားနိုင်ဖို့ ၊ သတိမူနိုင်ဖို့နဲ့ ပြုပြင်နိုင်ဖို့

1. အနီးတွင် အတူတကွမနေပေးနိုင်ခြင်း (သို့မဟုတ်) အနေဝေးခြင်း

အနီးတွင် အတူတကွမနေပေးနိုင်ခြင်း (သို့မဟုတ်) အနေဝေးခြင်း

ချစ်သူဖြစ်စေ ဇနီးသည်ဖြစ်စေ အမျိုးသမီးတွေဟာ သူတို့အပေါ် ဂရုစိုက်ခြင်းကို လိုလားတက်ကြပါတယ် ၊ ဒီလို အပြုအမူတွေ သင့်ဖက်ကမပေးနိုင်တဲ့အခါမှာ သင့်ရဲ. အမျိုးသမီးဟာ သင့်ကို စိတ်ပျက်လာပြီး ဒီလိုကြင်နာယုယမှု ပေးနိုင်မယ်လို့ ထင်ရတဲ့လူ ပေါ်လာရင် ပါသွားတက်ကြပါတယ် ။ 

2. ဂရုစိုက်မခံရခြင်း

အမျိုးသမီးတွေဟာ သူတို့အပေါ် စိတ်ဝင်စားတာကို လိုချင်ကြပါတယ် ၊ သင်က အနေကြာလို့ပဲ ဖြစ်ဖြစ် သူ့အပေါ် သိပ်စိတ်မဝင်စားတော့တဲ့ ပုံစံမျိုးကို သူတို့မနှစ်သက်ကြပါဘူး ။ သင့်အနေနဲ့ သူမပေါ် ဂရုစိုက် ကြင်နာပြီး လိုလိုချင်ချင် သူမအတွက် လုပ်ဆောင်ပေးသင့်ပါတယ် ။ နို့မဟုတ်ရင်တော့.....

3. သင့်အပေါ်လက်စားချေခြင်း

အမျိုးသမီးတစ်ဦးက သင့်ကို ပြန်ပြီးအရွဲ.တိုက်ပြီဆိုရင်တော့ ၊ သေလောက်အောင် ကြောက်စရာကောင်းပါတယ် ၊ ဒီအချိန်မှာ သူမတို့ မလုပ်ရဲတာ ဘာမှ မရှိသလောက်ပါပဲ ။ ဒီ့အတွက်အဖြေကတော့ သင့်အနေနဲ့ ရိုးသားပါ ၊ အမှားကျူးလွန်ခဲ့မိရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပါ ၊ ပြုပြင်ပါ ။ ခဏခဏ မကျူးလွန်ပါနဲ့ ၊ သူတို့သည်းမခံနိုင်တဲ့ အဆုံးတစ်နေ့မှာတော့....

4. ခံစားချက်တွေ ကုန်ဆုံးခြင်း

အမျိုးသမီးတွေဟာ စိတ်ခံစားမှုကို ဦးစားပေးလွန်းသူတွေပါ ။ သင်နဲ့ သူ့ကြားမှာ ဘာခံစားချက်မှ မရှိတော့ဘူးဆိုရင် သင့်ကို လှည့်တောင် ကြည့်တော့မှ မဟုတ်ပါဘူး ။

Source : TheTrentOnline

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations