ဟုတ်မလိုလိုနဲ့ အတော်နောက်တဲ့လူ ....

လတ်တလောအွန်လိုင်းမှာရေပန်းစားနေတာကတော့ တရုတ်နိုင်ငံ၊Longyang နယ်မြေမှာရှိတဲ့  Public Security Bureau က ၀န်ထမ်းတစ်ယောက်ရဲ့ သင်ကြားပို့ချချက်တစ်ခုပဲဖြစ်ပါတယ်။Public Security Bureauဆိုတာ အစိုးရရဲဝန်ထမ်းရုံးနဲ့ပုံစံတူပါပဲ။မကြာသေးခင်ရက်ပိုင်းကတော့ ဓားကိုင်ဆောင်ထားတဲ့လူဆိုးတစ်ယောက်နဲ့တွေ့ရင် ဘယ်လိုခုခံတုံ့ပြန်ရမလဲဆိုတဲ့ပို့ချချက်တစ်ခုကို နိုင်ငံသားတွေကိုချပြခဲ့ပါတယ်။

ပညာပေးဗီဒီယိုက အရမ်းရိုးစင်းပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုကိုမျှဝေထားတာဖြစ်ပါတယ်။ပထမတော့ရဲဝန်ထမ်းရဲ့ ဓားကိုင်ထားတဲ့လူဆိုးကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့နိဒါန်းပျိုးခြင်းနဲ့အစပြုထားပါတယ်။အဲ့ဒီနောက် ရဲဝန်ထမ်းရဲ့ ခုခံတုံ့ပြန်မှုကငရုတ်ကောင်းစပရေးနဲ့ပဲဖြန်းလိုက်မလား?အရင်ဆုံးစပြီးတိုက်ခိုက်လိုက်မလား?သူ့ရဲ့လက်နက်ကိုပဲ ရအောင်သိမ်းလိုက်မလား?ဆိုပြီးနိုင်ငံသားတွေအားလုံးက စိတ်ဝင်တစားနဲ့စောင့်ကြည့်နေခဲ့ကြပါတယ်။

ဒါပေမဲ့...မထင်မှတ်ထားတာတစ်ခုကို ထိုရဲဝန်ထမ်းကလုပ်ချလိုက်ပါတယ်။ဘာလုပ်လိုက်တာလဲဆိုတော့ "ရဲအရာရှိတွေ ကျွန်တော့်ကိုကူညီပါဦး"လို့အော်ပြီး ထွက်ပြေးသွားတာပါပဲ။ထိုရဲဝန်ထမ်းရဲ့ အပြုအမူကြောင့် အားလုံးက ဟက်ဟက်ပက်ပက်ရယ်မောခဲ့ကြရပါတယ်။New China TVရဲ့ဖော်ပြချက်အရ ထိုဗီဒီယိုဟာ တရုတ်ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူ ၁၆သန်းတောင်ရှိနေပါပြီတဲ့။ယူကျူ့ဘ်တစ်ခုတည်းတင်တစ်ပတ်ကို လူအယောက် ၁သန်းမကကြည့်ရှုကြတယ်လို့သိရပါတယ်။ရယ်မောစရာပညာပေး ဗီဒီယိုလေးကိုပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations