ယုံနိုင်စရာတောင်မရှိ !

အနုပညာရှင်တွေရဲ့ အကြောင်းတွေဆို တစ်ခြားနာမည်ကျော်ပုဂ္ဂိုလ်တွေထက်ပိုပြီးစိတ်ဝင်စားတတ်ကြတာ ကိုယ်အပါအ၀င်လူတိုင်းနီးပါးပါပဲ။ကိုယ်သဘောကျတဲ့သူဆိုရင်သူတို့ရဲ့ အကြောင်းတွေကို လိုက်ပြီးရှာဖွေစုံစမ်းထားတတ်ကြပါတယ်။ဒါပေမဲ့ ပရိသတ်တွေသိပ်မသိကြသေးတဲ့နာမည်ကျော်အနုပညာရှင်တွေရဲ့ အတွင်းရေးအကြောင်းတွေလည်းရှိပါတယ်။ဘာတွေလဲဆိုတာသိချင်သွားပြီဟုတ်!

Scarlett Johansson

Scarlett Johansson

Scarlett Johansson အတွက်သီးသန့်သီချင်းတစ်ပုဒ်ရှိပါတယ်တဲ့Katy Perry ရဲ့ “I Kissed a Girl”  သီချင်းလေးကိုမှတ်မိကြသေးလား။၂၀၀၈ခုနှစ်တုန်းက အရမ်းကိုနာမည်ကြီးခဲ့တဲ့သီချင်းလေးပါ။ ဒီသီချင်းလေးကတကယ်တော့ Scarlett Johansson ကြောင့်ဖြစ်လာတာပါတဲ့။Katy က "မဂ္ဂဇင်းကာဗာတစ်ခုမှာ Scarlett  ကိုတွေ့ခဲ့ပြီး သူမရဲ့ လှပတဲ့အပြုံးကြောင့်ဒီသီချင်းလေးဖြစ်လာခဲ့တာပါပဲလို"့ ပြောခဲ့ပါတယ်။

Benedict Cumberbatch

Benedict Cumberbatch

Benedict Cumberbatch ဟာ ၂၀၀၅ခုနှစ်က သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ တောင်အာဖရိကမှာ ပြန်ပေးဆွဲခံရဖူးပါတယ်။လက်နက်ကိုင်အမျိုးသား၆ယောက်ကသူ့ကားထဲကိုဝင်ပြီး အတင်းမောင်းပြေးခဲ့တာပါ။ဒါပေမဲ့ ကံကောင်းစွာနဲ့ သူတို့ကိုလမ်းမမှာချပြီးထွက်သွားခဲ့တာပဲဖြစ်ပါတယ်။လူစိမ်းတစ်ယောက်က လမ်းမပေါ်မှာအကူအညီတောင်းနေတဲ့သူတို့ကိုတွေ့ခဲ့ပြီး ကယ်တင်ပေးခဲ့တာပါ။အဲ့ဒီအချိန်တုန်းက အသက်ထက်အရေးကြီးတာဘာမှမရှိဘူးဆိုတာကိုနားလည်ခဲ့တယ်လို့လည်း Benedict က ပြောပြခဲ့ပါသေးတယ်။

Steve Buscemi

Steve Buscemi

Steve Buscemi ဟာ ၁၉၈၀ခုနှစ်တုန်းက နယူးယော့ခ်မှာမီးသတ်သမားတစ်ယောက် အဖြစ်အလုပ်လုပ်ခဲ့ဖူးပါတယ်။9/11 အရေးအခင်းပြီးတဲ့နောက်သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ တိုက်ခိုက်မှုမှာအသက်ရှင်ကျန်ရစ်ခဲ့သူတွေကိုလိုက်ရှာဖို့ကြိုးစားခဲ့သူတစ်ယောက်ပါ။၂၀၁၂ တုန်းကလည်း ဟာရီကိန်းဆန်ဒီမုန်တိုင်းအပြီးအသက်ရှင်ကျန်သူတွေကိုလိုက်ရှာကယ်တင်ခဲ့ဖူးပါတယ်။

Robert Downey Jr

Robert Downey Jr

Robert Downey Jrရဲ့ မွေးနေ့မှာ ကမ္ဘာတစ်ဝန်းလုံးကပရိသတ်တွေရဲ့ မွေးနေ့ကတ်ပေါင်းသန်းပေါင်းများစွာ ရခဲ့ပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံကထူးခြားစွာနဲ့ကတ်တစ်ကတ်ပဲပေးခဲ့ပါတယ်။ အဲ့ဒီကတ်ကရိုးရိုးကတ်တော့ မဟုတ်ပါဘူး။လူပေါင်း ၅၄၄၉ ယောက်ရဲ့ လက်မှတ်တွေ၊အမှတ်တရဆုတောင်းတွေ ပါဝင်တဲ့မွေးနေ့ကတ်ကြီးတစ်ခုပဲဖြစ်ပါတယ်။

Dwayne Johnson

Dwayne Johnson

မင်းသားကြီး Dwayne Johnson ကတော့ ဂရင်းနစ်စံချိန်တင်စာအုပ်မှာ  သုံးမိနစ်အတွင်း ဆဲလ်ဖီဓာတ်ပုံ ၇၅ပုံရိုက်နိုင်သူတစ်ယောက်အဖြစ်စံချိန်တင်ခဲ့ဖူးပါတယ်။

Jason Statham

Jason Statham

Transporter မင်းသားအဖြစ်နာမည်ကြီးတဲ့ Jason Statham ဟာ အနုပညာလောကထဲမ၀င်ရောက်ခင်က ဒိုင်ဗင်ရေကူးသမားတစ်ယောက်ပါ။သူကဗြိတိန်နိုင်ငံအပြည်ပြည်ဆိုင်ရာရေကူးသင်တန်းမှာ ၁၂နှစ်ကြာအောင်အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပါတယ်။ပြိုင်ပွဲတွေမှာလည်းပါဝင်ခဲ့ဖူးပါတယ်။

Brad Pitt

Brad Pitt

မလေးရှားနိုင်ငံက Brad Pitt ပါဝင်သရုပ်ဆောင်ထားတဲ့ Toyota ad campaign ကြော်ငြာတစ်ခုကို သူတို့နိုင်ငံမှာ မပြဖို့တားမြစ်ထားပါတယ်တဲ့။ဘာလို့လဲဆိုတော့ Brad Pitt က အရမ်းချောပြီး ဒီကြော်ငြာကိုမြင်တဲ့အခါ မလေးရှားလူမျိုးတွေသူတို့ကိုယ်သူတို့ အားငယ်သိမ်ငယ်စိတ်တွေဖြစ်လာမှာစိုးလို့ တားမြစ်ထားတာဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations