စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေး...

အိန္ဒိယဇာတ်ကားကောင်းကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် ၂၀၁၈ စက်တင်ဘာ ၁၃ ရက်နေ့မှထွက်ရှိထားတဲ့ "U Turn"ဆိုတဲ့သည်းထိတ်ရင်ဖို ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားလေးကို ဒါရိုက်တာ Pawan Kumar ရိုက်ကူးထားတာဖြစ်ပြီး  မင်းသမီး Samantha Akkineni ၊ Bhumika Chawla ၊မင်းသား Aadhi Pinisetty ၊ Rahul Ravindran တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးက အိန္ဒိယသတင်းစာတိုက်မှာအလုပ်လုပ်တဲ့ သတင်းထောက် Rachana (Samantha Akkineni) ဟာ မိုးပျံတံတားပေါ်မှာဖြစ်ပွားတဲ့အက်စီးဒင့်တွေကြောင့် အဲ့ဒီတံတားနဲ့ပတ်သက်ပြီးအချက်အလက်တွေစုဆောင်းကာ ဆောင်းပါးရေးဖို့စီစဉ်ခဲ့ပါတယ်။တစ်ရက်မှာတော့ တံတားပေါ်မှာသွားလာနေကြတဲ့ဆိုင်ကယ်လ်မောင်းသူတစ်ချို့ဟာ အလယ်မှာခြားထားတဲ့ကွန်ကရစ်တွေကိုဖယ်လို့ ဂငယ်ကွေ့ ပြန်ကွေ့ကြတာကိုသတိထားမိခဲ့ပါတယ်။ပြီးတော့  သူမဟာ အဲ့ဒီအနီးအနားမှာနေထိုင်တဲ့အိမ်ခြေရာမဲ့အမျိုးသားတစ်ဦးကို ဆိုင်ကယ်လ်ပြန်ကွေ့သွားတဲ့သူတွေရဲ့နံပါတ်ကိုမှတ်ထားဖို့ အကူအညီတောင်းခဲ့ပါတယ်။

တစ်ရက်မှာတော့ သူမဟာ ဆိုင်ကယ်လ်ပြန်ကွေ့သူတစ်ယောက်ရဲ့ အိမ်ကို စုံစမ်းဖို့သွားခဲ့ပြီး အဲ့ဒီနေ့မှာပဲ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပြစ်မှုသတင်းထောက် Aditya (Rahul Ravindran) နဲ့ ဒိတ်လုပ်ခဲ့ပါတယ်။ဒိတ်လုပ်ပြီးအိမ်ရောက်တဲ့အခါမှာတော့ဘာမသိညာမသိနဲ့ ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ပြီးတော့မှသိလိုက်ရတာက သူမသွားစုံစမ်းတဲ့အိမ်က အမျိုးသားဟာသေဆုံးနေခဲ့ပြီး သူမကို လူသတ်မှုသံသယရှိသူအဖြစ်ဖမ်းဆီးလာခဲ့ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီနောက် ရဲအရာရှိ Nayak (Aadhi Pinisetty) က သူမကိုစစ်ဆေးမေးမြန်းခဲ့ပြီး အမှုကိုစုံစမ်းဖို့လုပ်ရာမှာ နောက်ထပ်လူသေမှုတွေ၊လူသတ်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီလူတွေဟာလည်း မိုးပျံတံတားလမ်းပေါ်မှာ ဂငယ်ကွေ့ကွေ့ပြီးပြန်လာတဲ့သူတွေချည်းပါပဲ။သူတို့သေတာဟာ ကိုယ့်ကိုယ့်ကိုယ်သတ်သေတာပဲလား အသတ်ခံရတာလား ဘယ်သူသတ်တာလဲဆိုတာကို စိတ်ဝင်စားဖွယ်ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အချိန်ပေးပြီးကြည့်ရှုရမှာတန်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Trailer လေးကြည့်လိုက်ပါဦး

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations