Travis တစ်ယောက် ဘယ်လိုတွေတောင်ရိုမန်တစ်ဆန်နေတာလဲ...

အသက်အရွယ်အရဆိုရင် Kylie Jenner ဟာ ၂၁နှစ်ပဲရှိသေးတယ်ဆိုပေမဲ့ စီးပွားရေးမှာအောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်၊အချစ်ရေးမှာကံကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ချစ်စရာသမီးလေးကိုပိုင်ဆိုင်ထားသလို ဘ၀လက်တွဲဖော်ဖြစ်တဲ့ နာမည်ကျော်အဆိုတော် Travis Scott ဟာလည်းရိုမန်တစ်ဆန်တတ်သူဖြစ်ကြောင်း၊သူမကိုသိပ်ချစ်သူဖြစ်ကြောင်း သက်သေပြခဲ့ပြန်ပါတယ်။

Kylie က သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ်တွေအံ့အားသင့်အားကျသွားစေမယ့်ဗီဒီယိုလေးတစ်ခုတင်ခဲ့တာပါ။ဗီဒီယိုထဲမှာမြင်တွေ့ရသလောက်ဆိုရင်ဖြင့် Kylie ရဲ့ အိမ်တစ်အိမ်လုံးဟာ နှင်းဆီပန်းပွင့်တွေ ရာချီထောင်ချီပြည့်နေတာပါပဲ။အ၀င်ဝကစလို့ လှေကားတစ်လျှောက် တစ်အိမ်လုံးအနှံ့ နှင်းဆီပန်းတွေ၊ဖယောင်းတိုင်တွေနဲ့အလှဆင်ပြီး Travis က စပရိုက်စ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

Kylie အိမ်ပြန်လာတဲ့အခါမှာတော့ တစ်အိမ်လုံးက နှင်းဆီအနီတွေပြည့်လို့ <3 Kyliesnapchat မှာလည်း "this is insane! travis has so much love for Kylie and stormi" ဆိုတဲ့ စာသားလေးနဲ့အတူ အသည်းပုံလေးရယ် နှင်းဆီပန်းပုံအီမိုဂျီလေးရယ်တင်ထားပါသေးတယ်။

Stormi လေးကိုချီလို့သားအမိနှစ်ယောက် ဖေဖေရဲ့စပရိုက်စ်လုပ်မှုကို ကြည်နူးခံစားခဲ့ကြတဲ့ဗီဒီယိုလေး ပရိသတ်တွေအတွက်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations