သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေ...

 နာမည်ကျော်သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်နဲ့ မင်းသား ခါရာတို့က "လျှို့ဝှက်စာမျက်နှာ"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုတွဲဖက်ရိုက်ကူးနေတယ်လို့သိရပါတယ်။

Photo Credit:Thin Zar Wint Kyaw's fb acc

Photo Credit:Thin Zar Wint Kyaw's fb acc

ပရိသတ်တွေသိကြတဲ့အတိုင်း ခါရာဆိုတာလည်း မိန်းကလေးပရိသတ်တွေအသည်းစွဲသရုပ်ဆောင်မင်းသားတစ်လက်ဖြစ်သလို သူ့ရဲ့ "မနေ့ကဖြစ်သည်"ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ပီပြင်မှုကိုမြင်တွေ့ရမှာပါ။သင်ဇာဝင့်ကျော်ကလည်း အနုပညာဇာတ်ရုပ်ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ရုပ်ရှင်ဇာတ်ကားက ကြည့်လို့ကောင်းမှာအမှန်ပါပဲ။

ဒီဇာတ်ကားကတော့ "မနေ့ကဖြစ်သည်"ဇာတ်လမ်းတွဲအပြီး ခါရာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုဖြစ်ပြီး သင်ဇာဝင့်ကျော်ကတော့ သိပ်မကြာသေးခင်က အရမ်းမိုက်တဲ့သီချင်းဗီဒီယိုတစ်ပုဒ်မှာပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။နိုဝင်ဘာ ၈ရက်နေ့ကတော့ သင်ဇာက သူမရဲ့ ဓမ္မမိတ်ဆွေများနဲ့အတူ အောင်ဇမ္ဗူတောရဓမ္မရိပ်သာမှာ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပါတယ်တဲ့။

အခု ပရိသတ်တွေအတွက် ခါရာနဲ့သင်ဇာဝင့်ကျော်ရဲ့ရိုက်ကွင်းပုံရိပ်လေးတွေ၊သင်ဇာရဲ့အလှူကုသိုလ်ပုံရိပ်လေးတွေ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations