Tom က သူမရဲ့ပထမဆုံးခရက်ရှ်လည်းဖြစ်ပါသေးတယ်တဲ့...

Harry Potter ဇာတ်လမ်းတွဲဆိုရင် မသိတဲ့သူမရှိလောက်အောင်ပါပဲနော်။ဒီဇာတ်လမ်းတွဲထဲမှာ ကလေးသရုပ်ဆောင်တွေအဖြစ်ပါဝင်ခဲ့တဲ့ Hermione Granger (Emma Watson) နဲ့ villain Draco Malfoy ( Tom Felton) တို့ဟာလည်း အခုဆိုရင် နှုတ်ခမ်းနီမလေးတွေအသည်းစွဲလူငယ်သရုပ်ဆောင်တွေဖြစ်နေကြပါပြီ။သိပ်မကြာခင်ရက်ပိုင်းကတော့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်နှစ်ယောက် ပြန်လည်ဆုံတွေ့ခဲ့ကြပုံပါ။

နိုဝင်ဘာ ၈ရက်နေ့က Dailymail မီဒီယာကနေ သူတို့နှစ်ယောက်ရဲ့ပြန်လည်ဆုံတွေ့တဲ့ပုံရိပ်လေးတွေဖော်ပြလာခဲ့ပါတယ်။Emma Watson နဲ့ Tom Felton တို့ဟာ မနေ့တုန်းက လော့အိန်ဂျလိစ်က Venice Beach မှာ အတူတူရှိနေခဲ့ပါတယ်။နှစ်ယောက်သားအတူတူရိုက်ထားတဲ့ပုံလေးတွေ၊စကိတ်စီးနေတဲ့ပုံလေးတွေကို Emma Watson က သူမရဲ့ အင်စတာဂရမ်အကောင့်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးလည်းတင်ထားခဲ့ပါသေးတယ်။

၂၀၀၄ ခုနှစ် Harry Potter And The Prisoner Of Azkaban ဇာတ်ကားမှာ စတင်တွေ့ဆုံခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာ အခုဆိုရင် သူငယ်ချင်းသက်တမ်း၁၅ နှစ်နီးပါးရှိနေပါပြီ။တစ်ခါကဆို Emma ဟာ Tom ကို သဘောကျခဲ့ဖူးကြောင်း အင်တာဗျူးတစ်ခုမှာပြောပြခဲ့ဖူးပါတယ်။သူက သူမရဲ့ ပထမဆုံးခရက်ရှ်ပါတဲ့။"သူလည်းဒါကိုသိပါတယ်။ကျွန်မတို့ဒီအကြောင်းနဲ့ဆက်စပ်ပြီးပြောဖြစ်ခဲ့တိုင်း  သဘောတကျရယ်မိနေတုန်းပါပဲ။အခု ကျွန်မတို့က အချစ်ဆုံးသူငယ်ချင်းတွေပါ။ပြီးတော့ ဒီအနေအထားက အရမ်းလည်းမိုက်ပါတယ်"ဆိုပြီးပြောခဲ့တာပါ။

အခုဆိုရင် Emma Watson ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Brendan Wallace နဲ့ ချစ်သူတွေဖြစ်နေပါတယ်။Tom ကိုတော့ သြဂုတ်လတုန်းက အမျိုးသမီးလှလှလေးတစ်ယောက်နဲ့ Venice ကမ်းခြေမှာတွေ့ရှိခဲ့ရတယ်လို့သတင်းတွေထွက်လာခဲ့ပါသေးတယ်။Tom ဟာ Harry Potter ဇာတ်ကားထဲက တွဲဖက်မင်းသမီး Jade Olivia နဲ့ ၇နှစ်တာတွဲခဲ့ဖူးပါတယ်။သူတို့နှစ်ယောက်ပြတ်စဲသွားတဲ့အချိန်မှာတော့ Tom က သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ တိတ်တဆိတ်ပဲနေပါတော့တယ်။

Source:Dailymail

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations