အနုပညာလောကထဲမှာလည်း နာမည်ကျော်တွေ...

မွေးကတည်းက ရွှေဇွန်းကိုက်မွေးလာကြတဲ့ နာမည်ကျော်အနုပညာရှင်တွေက ယူတို့ကြိုက်တဲ့ဆယ်လီတွေဆိုရင် ပိုပြီးကျေနပ်ပီတိဖြစ်သွားမယ်ဟုတ်!ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ပါဦး 

Jung Il Woo

 Jung Il Woo

မင်းသားချော  Jung Il Woo ရဲ့ အဘိုးဟာ တောင်ကိုရီးယားသမ္မတဟောင်းရဲ့ လက်စွဲဆရာဝန်တစ်ယောက်ပါ။အခုတော့ ဆေးရုံရဲ့ chief director ဖြစ်နေပါပြီ။ Jung Il Woo ရဲ့ အဖေဟာ Kendo Academy ရဲ့ ဒါရိုက်တာဖြစ်ပြီး အမေကတော့ Korean National University က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်။

Lee Min Jung

Lee Min Jung

မင်းသမီးချော Lee Min Jung ရဲ့အဖေဟာ ကြော်ငြာကုမ္မဏီတစ်ခုရဲ့ စီအီးအိုဖြစ်ပြီး အမေကတော့ စန္ဒရားဆရာမဖြစ်ပါတယ်။Lee Min Jung မွေးစကတည်းက သူမတို့မိသားစုဟာ ဒေါ်လာ ၄သန်းတန် အိမ်ကြီးအိမ်ကောင်းမှာ နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။

Super Junior အဖွဲ့ဝင် Choi Siwon

Super Junior အဖွဲ့ဝင် Choi Siwon

Super Junior အဖွဲ့ဝင် Choi Siwon ဟာ Boryung Medicine အုပ်စုစီအီးအိုရဲ့ သားပါ။ကိုရီးယားရဲ့ အကြီးဆုံး Hyundai Department Store ကိုတောင်သူတို့မိသားစုက ပိုင်ဆိုင်တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ဘယ်လောက်ရှယ်ယာပါတယ်ဆိုတာကိုတော့ ဘယ်သူမှသေချာမသိကြပါဘူး။

Park Hyung Sik

Park Hyung Sik

တောင်ကိုရီးယားမင်းသားချော Park Hyung Sik ရဲ့အဖေဟာ BMW Korea ရဲ့ အဖွဲ့ဝင်လူကြီးတစ်ယောက်ပါ။Park Hyung Sik က တစ်ခါတုန်းက သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၁၇၀၀၀ ရှိတယ်လို့ဖွင့်ပြောပြခဲ့ဖူးပါတယ်။

Kang Dong Won

Kang Dong Won

မင်းသားချော Kang Dong Won ရဲ့ အဖေဟာ ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့  SPP Shipbuilding Co. Ltd ရဲ့ ဥက္ကဠဖြစ်ပါတယ်။ဒီတော့ သူဟာလည်း ငယ်ငယ်လေးကတည်းက ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနေလာရတယ်ဆိုတာ အသေအချာပါပဲ။

2PM အဖွဲ့ဝင် Nichkhun

2PM အဖွဲ့ဝင် Nichkhun

2PM အဖွဲ့ဝင် Nichkhun ကလည်း မွေးကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာခဲ့သူပါ။သူ့ရဲ့ အမေက ထိုင်းနိုင်ငံ 'Union Medical' ရဲ့ စီအီးအိုဖြစ်ပါတယ်။Nichkhun ဟာ ဗြိတိန်တော်ဝင်မင်းသား Edward  တက်ရောက်ခဲ့တဲ့ နယူးဇီလန်က Wanganui Collegiate School  မှာတက်ရောက်ခဲ့တာဖြစ်ပါတယ်။

GOT7 အဖွဲ့ဝင် Jackson

GOT7 အဖွဲ့ဝင် Jackson

GOT7 အဖွဲ့ဝင် Jackson ကလည်း ရွှေဇွန်းကိုက်မွေးလာတဲ့အနုပညာရှင်တစ်ယောက်ပါ။သူ့ရဲ့ အဖေဟာ Hong Kong's national fencing teamရဲ့ နည်းပြဟောင်းတစ်ယောက်ပါ။Jackson က ဟောင်ကောင်မှာရှိတဲ့ American International school မှာ ပညာသင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Girls' Generation အဖွဲ့ဝင် Sooyoung

Girls' Generation အဖွဲ့ဝင် Sooyoung

Sooyoung တို့မိသားစုဟာ အဘိုးအိမ်နဲ့မိသားစုအိမ် အိမ်ကြီးနှစ်အိမ်တောင်ပိုင်ဆိုင်ပါတယ်။သူမရဲ့ အဘိုးဟာ ဆောက်လုပ်ရေုးကုမ္မဏီတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations