ဇာတ်လမ်းလေးက ဆန်းဆန်းလေး

ဒီတစ်ခါတော့ နိုဝင်ဘာ ၁၆ရက်နေ့ကမှ Netflix ကထွက်ရှိလာတဲ့ "The Princess Switch"ဆိုတဲ့ အချစ်ဒရာမာဟာသဇာတ်ကားလေးအကြောင်းညွှန်းပေးချင်ပါတယ်။ဒါရိုက်တာ Mike Rohl ရိုက်ကူးပြီး ပါဝင်ထားသူတွေကတော့ Vanessa Hudgens ၊ Sam Palladio နဲ့ Nick Sagar တို့ပါ။

ဇာတ်လမ်းအကျဉ်းလေးက Stacy DeNovo ဆိုတဲ့ငယ်ရွယ်တဲ့မုန့်ဖုတ်ဆရာမလေးဟာ သူငယ်ချင်းဖြစ်သူနဲ့အတူ ချီကာဂိုမှာ ကိတ်မုန့်ဆိုင်ဖွင့်ထားပါတယ်။သူငယ်ချင်းဖြစ်သူ Kevin မှာ Olivia ဆိုတဲ့သမီးလေးလည်းရှိပါတယ်။ခရစ်စမတ်မတိုင်ခင်တစ်ပတ်မှာတော့  Belgravia မြို့တော်မှာ မုန့်ဖုတ်ပြိုင်ပွဲရှိတဲ့အကြောင်းကိုကြားပြီး Stacy ရယ် Kevin တို့သားအဖရယ် Belgravia ကိုထွက်ခွာလာခဲ့ပါတယ်။

Stacy ချီကာဂိုမြို့ကနေထွက်ခွာလာရတဲ့အကြောင်းက လောလောလတ်လတ်အသည်းကွဲထားတာကြောင့်ရယ်လည်းပါပါတယ်။နောက်ဆုံးသူမတို့သုံးယောက် Belgravia မြို့ကိုရောက်လာပြီး ပြိုင်ပွဲဝင်ဖို့လုပ်တဲ့အခါမှာတော့ Stacy ဟာ သူမနဲ့ ချွတ်စွပ်နီးပါးတူတဲ့ မင်းသားရဲ့ ကြင်ယာတော်လောင်း Margaret Delacourt ကိုတွေ့ခဲ့ပါတယ်။

အဲ့ဒီမှာ တစ်ယောက်ကိုတစ်ယောက် တအံ့တသြဖြစ်ကြပြီး နောက်ဆုံးမြို့စားအမျိုးသမီး Margaret Delacourt ရဲ့ အကြံအရ သူတို့နှစ်ယောက်ဟာပြိုင်ပွဲမတိုင်ခင် လူချင်းလဲပြီး စူးစမ်းလေ့လာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ ဘယ်လိုအလွဲလေးတွေဖြစ်မလဲ လူစားလဲထားတဲ့နှစ်ယောက်ရဲ့ အချစ်ရေးအချစ်ရာကရော ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ပရိသတ်တွေအစမ်းကြည့်ရှုနိုင်အောင် Trailer လေးလည်းပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations