အမှတ်တရအဖြစ်ထူးထူးခြားခြားနည်းလမ်းလေးတွေနဲ့ ဆောင်ခဲ့ကြတာ

ကမ္ဘာပေါ်မှာ ကိုယ်တွေမထင်ထားတဲ့ ထူးထူးခြားခြားနည်းလမ်းတွေနဲ့ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ စုံတွဲတွေရှိပါတယ်။ထူးခြားသွားသလို အမှတ်တရလည်းဖြစ်တာပေါ့။ဒီတော့ ဘယ်လိုနည်းလမ်းလေးတွေနဲ့ သူတို့ရဲ့ မင်္ဂလာဆောင်ကိုထူးခြားအောင်ကျင်းပခဲ့လဲဆိုရင်...

The Shark Tank Wedding

The Shark Tank Wedding

နယူးယော့ခ်မှာနေထိုင်တဲ့ April Pignataro နဲ့ Michael Curry ဆိုသူ စုံတွဲလေးက Atlantis Marine World က Shark Tank ထဲမှာ မင်္ဂလာဆောင်ခဲ့ကြတာပါတဲ့။အသည်းတယားယားနဲ့ ငါးမန်းကြည့်ရင်း မင်္ဂလာပွဲကျင်းပခဲ့တဲ့အခိုက်အတန့်ဟာဆိုရင်ဖြင့် တစ်သက်မမေ့နိုင်စရာပါပဲ။

The Bungee-Jump ‘I do.’

The Bungee-Jump ‘I do.’

ဒီစုံတွဲလေးကတော့ ခြေထောက်မှာကြိုးချည်ပြီးခုန်ချရတဲ့ စွန့်စားနည်းတစ်မျိုးနဲ့ လက်ထပ်ခဲ့ကြတယ်လို့သိရပါတယ်။

The Go-Naked Wedding

The Go-Naked Wedding

သြစတေးလျက စုံတွဲတစ်တွဲက သူတို့ရဲ့ မင်္ဂလာဆောင်ကိုအ၀တ်အစားဗလာနဲ့ပဲ ကျင်းပခဲ့ကြပါတယ်။ဧည့်သည်တွေအားလုံးက အ၀တ်အစားအသစ်တွေနဲ့လှပကြော့ရှင်းနေတဲ့အချိန် သတို့သားနဲ့သတို့သမီးက သူတို့ရဲ့ လျှို့ဝှက်အပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကိုသာ ဖုံးပြီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။

The Zombie Wedding

The Zombie Wedding

သူများတွေလှလှပပနဲ့မင်္ဂလာအခမ်းအနားကျင်းပနေစဉ်မှာစုံတွဲတစ်တွဲက သူတို့ရဲ့ မင်္ဂလာဆောင်ကို Zombie ပုံစံအတိုင်းပြင်ဆင်ပြီးမင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်တဲ့။

The Roller Coaster Wedding

The Roller Coaster Wedding

မင်္ဂလာပွဲကျင်းပမယ့်စုံတွဲတစ်တွဲကတော့  သူတို့ရဲ့ မင်္ဂလာပွဲကိုထူးထူးခြားခြားဖြစ်အောင် ရိုလာကိုစတာစီးရင်းဆောင်ခဲ့ကြတယ်လို့သိရပါတယ်။တစ်ချို့ပန်းခြံတွေက မင်္ဂလာပွဲအတွက်ခွင့်ပြုပေးကြပါတယ်။

The 99,999 Roses Surprise

The 99,999 Roses Surprise

တရုတ်အမျိုးသား Xiao Wang ဟာ သူ့ရဲ့ တစ်နှစ်စာဝင်ငွေကို သုံးပြီး သူတို့ရဲ့ မင်္ဂလာဆောင်မှာ ပြင်ဆင်ဖို့ နှင်းဆီပန်းအပွင့် ၉၉၉၉၉ ပွင့်ဝယ်ယူခဲ့ပါတယ်။သူ့ရဲ့ ချစ်လှစွာသောသတို့သမီးလောင်းလေးကို စပရိုက်စ်လုပ်ပြီးပျော်ရွှင်စေခဲ့တာပါ။

The Bicycle Wedding

The Bicycle Wedding

ရုရှားနိုင်ငံက စုံတွဲတစ်တွဲကတော့ တမူထူးခြားတဲ့နည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။မင်္ဂလာဆောင်ကို စက်ဘီးစီးရင်းဆောင်သွားတာပါ။ဧည့်သည်တွေကလည်းစက်ဘီးကိုယ်စီနဲ့လိုက်ပြီးဂုဏ်ပြုချီးမြှင့်ခဲ့ကြပါသတဲ့။

The Shrek Wedding

The Shrek Wedding

မင်္ဂလာပွဲမှာ ကိုယ်က၀နေလို့၊ပိန်နေလို့စိတ်ပူစရာမလိုပါဘူး။စိတ်ကူးကောင်းတဲ့စုံတွဲလေးဟာဆိုရင် သူတို့ကိုယ်သူတို့ Shrek ကာတွန်းဇာတ်ကားထဲကအတိုင်း ပြင်ဆင်ခြယ်သကာ မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations