ပိုက်ဆံအစား ဒါတွေနဲ့လဲလှယ်ဝယ်ယူခဲ့ကြတာပါ

ဒီနေ့ခေတ်မှာတော့ ငွေစက္ကူ၊ပိုက်ဆံတွေနဲ့ ပစ္စည်းအလဲအလှယ်လုပ်ကြပေမဲ့ အရင် ငွေစက္ကူမပေါ်ခင်ကာလက ဒီလိုပစ္စည်းတွေနဲ့ပဲ ကိုယ်လိုချင်တဲ့အရာကိုလဲလှယ်ဝယ်ယူခဲ့ရတာပါ။ဘယ်လိုပစ္စည်းတွေကို ငွေစက္ကူအဖြစ်အစားထိုးသုံးစွဲခဲ့တာလဲဆိုရင် ....

ခရုခွံ

ခရုခွံ

ဟိုးအရင်တုန်းက ကုန်ပစ္စည်းတွေ၊အစားအစာတွေကို ခရုခွံနဲ့လဲလှယ်ကာဝယ်ယူခဲ့ကြတာပါ။အထူးသဖြင့် အာဖရိက၊ဥရောပနဲ့အာရှနိုင်ငံတွေမှာ အများဆုံးခရုခွံနဲ့အလဲအလှယ်လုပ်ကြပါတယ်။

ဆား

ဆား

ဆားဟာလည်း ငွေစက္ကူနေရာမှာအစားထိုးသုံးစွဲခဲ့ကြတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ ဟင်းချက်စရာအမယ်တစ်ခုသာဖြစ်သွားခဲ့ပါပြီ။

သကြားလုံး

သကြားလုံး

၂၀၀၈ ခုနှစ်တုန်းက သကြားလုံး၊ချိုချဉ်တွေကို စတိုးဆိုင်တွေမှာ အကြွေအမ်းတဲ့အနေနဲ့ ပေးလေ့ရှိပါတယ်။သကြားလုံးအမ်းတဲ့ခေတ်တော့မှီခဲ့ဖူးမှာပါ။အခုချိန်ထိတောင် တစ်ချို့နေရာတွေမှာ အကြွေမရှိရင်တစ်ရှူးဖြစ်စေ၊သကြားလုံးဖြစ်စေ အဖိုးအခအနေနဲ့ ပြန်ပေးလေ့ရှိနေဆဲပါ။

Tea Bricks

Tea Bricks

၉ရာစုတုန်းက ရုရှား၊မွန်ဂိုလီးယားနဲ့တရုတ်နိုင်ငံတွေမှာ Tea Bricks တွေကို ငွေအဖြစ်အစားထိုးသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

ရမ်

ရမ်

သြစတေးလျရဲ့ ပထမဆုံးငွေကြေးအဖြစ်အစားထိုးသုံးစွဲခဲ့တာဟာ ရမ်ဖြစ်တယ်လို့သိရပါတယ်။

ဓား

ဓား

၆၀၀ ဘီစီကနေ ၂၀၀ဘီစီအထိ Qi ပြည်နယ်မှာ ဓားတွေကို ငွေကြေးအဖြစ်အစားထိုးသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

ဖျံသားရေ

ဖျံသားရေ

ဥရောပလူမျိုးတွေ အမေရိကမြောက်ပိုင်းပထမဆုံးရောက်စဉ်က အလဲအလှယ်လုပ်လို့ရတဲ့တစ်ခုတည်းသောအရာက ဖျံသားရေပါပဲ။ဖျံသားရေက အရောင်းအ၀ယ်နှစ်ဖက်လုံးအတွက် တန်ဖိုးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။

စီးကရက်

စီးကရက်

စီးကရက်တွေဟာတစ်ချိန်တုန်းက ငွေစက္ကူနေရာမှာအစားထိုးသုံးစွဲခဲ့ကြတဲ့ပစ္စည်းတစ်ခုပါ။ကမ္ဘာတစ်ဝန်းလုံးကထောင်တွေမှာ ဆေးလိပ်ကိုငွေကြေးအဖြစ်မှတ်ယူလဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations