Hailey ကလည်း ဂါဝန်လေးနဲ့ လှနေတာ...

မကြာခင်မှာ Justin နဲ့ Hailey Bieber တို့စုံတွဲရဲ့ လိုက်ဖက်လှတဲ့ချစ်စရာပုံရိပ်လေးတွေကို ဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ မြင်တွေ့ရပါတော့မယ်။

ဒီဇင်ဘာ ၄ရက်နေ့တုန်းက လိုက်ဖက်လှတဲ့စုံတွဲလေးက တစ်နေကုန် အ၀တ်အစားအပြင်အဆင်မျိုးစုံနဲ့ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြတယ်လို့ Justjared မီဒီယာကနေဖော်ပြလာခဲ့ပါတယ်။

လက်ထပ်ပြီးလို့ အတူတူတောင်နေနေကြပြီဖြစ်တဲ့ ဒီစုံတွဲလေးဟာ မကြာခင် ရိုးရာဓလေ့အတိုင်း ဘုရားကျောင်းမှာမင်္ဂလာပွဲလေးကျင်းပမယ်လို့လည်းသတင်းထွက်နေပါသေးတယ်။ဒီဇင်ဘာ ၄ရက်နေ့တုန်းက ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေဟာတော့ နာမည်ကျော်ဖက်ရှင်မဂ္ဂဇင်းတစ်ခုရဲ့ ၂၀၁၉ Edition အတွက်ရိုက်ကူးပေးထားတာဖြစ်တယ်လို့သိရပါတယ်။

Justin နဲ့ Hailey တို့စုံတွဲရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေဆိုရင် ပုံ ၆၀ကျော်နီးပါးရှိတယ်လို့သိရပြီး တွေ့ရသလောက်ပုံတွေမှာဆိုရင် Hailey ကို မြင်နေကျပုံစံအတိုင်းမဟုတ်ပဲ မိန်းကလေးဆန်ဆန်နဲ့ လှပနေတာမြင်တွေ့ရပါတယ်။Justin နဲ့ Hailey တို့စုံတွဲရဲ့လိုက်ဖက်လှပပြီး ပျော်ရွှင်နေကြတဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။တကယ့်ပုံလှလှလေးတွေကတော့ မကြာမီလာမည်ပေါ့ 

Source:Justjared

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations