ဒီနှစ်ကတော့ Taylor Swift ရဲ့ နှစ်ပါပဲ

အသက် ၂၈နှစ်အရွယ်ဆိုပေမဲ့ တစ်ကမ္ဘာလုံးအနှံမသိသူမရှိ အောင်မြင်ကျော်ကြားလှတဲ့ အဆိုတော်မလေး Taylor Swift ဟာ ၂၀၁၈ အတွင်းမှာအောင်မြင်မှုတွေပိုပြီးရခဲ့တယ်ဆိုရမှာပါပဲ။

သူမရဲ့ Reputaion Album ကို ၂၀၁၇ နိုဝင်ဘာ ၁၀ရက်မှာ စတင်ဖြန့်ချီခဲ့ပြီး ဒီ ၂၀၁၈ ခုနှစ် အခုချိန်ထိအောင်မြင်မှုအရှိန်မကျခဲ့ပါဘူး။သူမရဲ့ အယ်လ်ဘမ်ဟာဆိုရင် ၂၀၁၇ ဒီဇင်ဘာတုန်းကလည်း Weekly Chart မှာ နံပါတ်တစ်ရရှိခဲ့ပြီး လေးပတ်နီးပါးတိုင်တိုင်ထိပ်ဆုံးကရှိနေခဲ့တာပါ။

ဒါ့အပြင် Reputation  အယ်လ်ဘမ်ဟာ ဖြန့်ချီပြီး ၄၈ ပတ်အတွင်း ထိပ်ဆုံးအယောက် ၄၀ထဲအမြဲပါဝင်ခဲ့ပါတယ်။ပြီးတော့ ဒီအယ်လ်ဘမ်က သူမရဲ့ တတိယမြောက်အကြီးအကျယ်အောင်မြင်ခဲ့တဲ့အယ်လ်ဘမ်လည်းဖြစ်ပါတယ်။၂၀၁၅ တုန်းက သူမရဲ့ 1989 အယ်လ်ဘမ်၊ ၂၀၀၉ တုန်းက Fearless အယ်လ်ဘမ်တွေဟာလည်း  Top Album of the Year ဖြစ်ခဲ့တာပါ။

Taylor Swift ဟာ ဒီ ၂၀၁၈ အတွင်း Reputation Stadium Tour တွေလည်းဖျော်ဖြေခဲ့ပြီး အခုချိန်ထိတွက်ကြည့်မယ်ဆိုရင် သူမရဲ့ အခွေတွေဟာ ၂သန်းကျော်ရောင်းချနိုင်ခဲ့ပြီး ၀င်ငွေက ဒေါ်လာ ၂၆၆ သန်းကျော်ရှိနေပါပြီ။ဒါကြောင့် သူမရဲ့ Reputation အယ်လ်ဘမ်ဟာ ဒီ ၂၀၁၈ ရဲ့ Album of the Year အဖြစ်  Billboard 200 စာရင်းမှာထိပ်ဆုံးရောက်ခဲ့ပြီလို့ သိရပါတယ်။

ဒီအယ်လ်ဘမ်နဲ့ဆိုရင် Taylor ဟာ Album of the Year ဆုကို သုံးကြိမ်မြောက်ရရှိခဲ့တာပဲဖြစ်ပါတယ်။နာမည်ကြီးအဆိုတော် Adele ပြီးရင် Taylor ဟာ ဒီလိုမျိုးသုံးကြိမ်တိုင်တိုင် အယ်လ်ဘမ်ထိပ်ဆုံးရောက်ခဲ့တဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ကဲ Swift Fan လေးတွေ ဂုဏ်ယူလိုက်ပါဦး 

Source:etcanada

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations