ပိတ်ရက်မှာ အချစ်ဟာသဇာတ်ကားကောင်းလေးနဲ့အပန်းဖြေဖို့...

မကြာခင်ပိတ်ရက်လေးလည်းပြန်စတော့မှာဆိုတော့ ဒီအားလပ်ရက်လေးမှာ အချစ်ဟာသဇာတ်ကားကောင်းကောင်းလေးမကြည့်ချင်ကြဘူးလား?ဇာတ်ကားဆို ဟာသဒရာမာမှ ကြိုက်တဲ့ပရိသတ်တွေအတွက် ဒီတစ်ခါ အိန္ဒိယဇာတ်ကားလေး ညွှန်းပေးချင်ပါတယ်။Hello Guru Prema Kosame ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးပါ။

ဒီဇာတ်ကားလေးရဲ့ ဒါရိုက်တာကတော့ Trindha Rao Nakkiina ဖြစ်ပြီး ပါဝင်ထားတဲ့အနုပညာရှင်တွေကတော့  Ram Pothineni ၊Anupama Parameswaran ၊ Pranitha Subhash ၊  Prakash Raj ၊ Aamani ၊ Jayaprakash နဲ့ Posani Krishna Murali တို့ပဲဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံလေးက Sanju (Ram Pothineni) ဆိုတဲ့လူငယ်လေးဟာ မိဘတွေရဲ့အချစ်ခံ၊အလိုလိုက်ခံရတဲ့သူတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့ရဲ့မိဘတွေရဲ့ ဆုံးဖြတ်မှုနဲ့ အလုပ်ကောင်းကောင်းရဖို့ဆိုကာ ဟိုက်ဒရာဘတ်ကို ပြောင်းရွေ့ခဲ့ရပါတယ်။ဟိုက်ဒရာဘတ်မှာ မိဘတွေနဲ့သူငယ်ချင်းဖြစ်သူ Viswanath (Prakash Raj) ရှိပြီး Sanju တစ်ယောက် အဲ့ဒီအိမ်မှာနေရဖို့ ဖြစ်လာခဲ့ပါတယ်။

Viswanath မှာ Anu (Anupama Parameshwaran) ဆိုတဲ့သမီးတစ်ယောက်ရှိပြီး ဖြစ်ချင်တော့ ရထားပေါ်မှာအတူဆုံလာတဲ့သူမနဲ့ Sanju ဟာ စဆုံကတည်းက ရန်ဖြစ်လာခဲ့ကြပါတယ်။ဒီလိုနဲ့ မတည့်အတူနေဆိုသလို ကြာတော့သံယောဇဉ်ဖြစ်လာပြီး Sanju တစ်ယောက် Anu ကို ချစ်မိသွားတဲ့အခါ ပြဿနာက စလာပါတော့တယ်။Anu ရဲ့ အဖေက လူကြီးချင်းသဘောတူထားတဲ့သူနဲ့ Anu ကိုလက်ထပ်ပေးဖို့စီစဉ်ထားပြီး အဲ့ဒီအချိန်မှာ Sanju တစ်ယောက်  ဘယ်လိုတွေလှုပ်ရှားတော့မလဲ၊Anu ရဲ့ အဖေကို ဘယ်လိုအကွက်တွေနဲ့ချုပ်ထားပြီးသူ့ရဲ့သမီးကို ရအောင်ယူမလဲဆိုတာ ဟာသလေးတွေနဲ့ရောနှောပြီးမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ဘောလိဝုဒ်ဇာတ်ကားတွေမှာ လူကြမ်းမင်းသားလုပ်နေကျ Prakash Raj ကို သမီးကိုစိတ်မချတဲ့အဖေ၊သမီးကို အရမ်းချစ်တဲ့အဖေအဖြစ် တမူထူးခြားစွာမြင်တွေ့ရမှာပါ။အချစ်ဟာသဇာတ်ကားလေးဖြစ်လို့ အပျင်းလည်းပြေစေမှာအမှန်ပါပဲ ။ပရိသတ်တွေအတွက် Trailer လေးလည်းပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations