ကိုယ်တွေအကြိုက်တွေကြီး....

ရုပ်ရှင်ဝါသနာအိုးတွေအတွက် ၂၀၁၉ ထဲမှာထွက်ရှိလာမယ့် ဇာတ်ကားကောင်းတွေဖော်ပြပေးလိုက်ပါတယ်။

A Dog's Way Home 

A Dog’s Way Home ဇာတ်ကားလေးကတော့ ဇန်န၀ါရီ ၁၁ရက်နေ့မှာ စတင်ထွက်ရှိလာမှာဖြစ်ပြီး ဒီလထဲမှာပဲ Glass ၊ The Kid Who Would Be King ၊ Serenity ၊ The Upside စတဲ့ဇာတ်ကားကောင်းတွေ မကြာခင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Happy Death Day 2U 

အားလုံးစောင့်မျှော်နေကြတဲ့ Happy Death Day ဒုတိယပိုင်းဇာတ်ကားကတော့ ဖေဖော်ဝါရီ ၁၄ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပြီး How to Train Your Dragon:The Hidden World ဇာတ်ကားဟာဆိုရင် ဖေဖော်ဝါရီ ၂၂ရက်နေ့မှာထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။Miss Bala ၊ Cold Pursuit ၊The LEGO Movie 2: The Second Part ၊ What Men Want ၊The Prodigy ၊ Alita: Battle Angel ၊ Rhythm Section စတဲ့ဇာတ်ကားတွေဟာလည်း ဖေဖော်ဝါရီလထဲမှာထွက်ရှိလာမှာဖြစ်ပါတယ်။

Captain Marvel 

Marvel ဟီးရိုးဇာတ်ကားတစ်ကားဖြစ်တဲ့ Captain Marvel ကို မတ်လ ၈ရက်နေ့မှာ စတင်ကြည့်ရှုရမှာဖြစ်ပြီး မတ်လထဲမှာပဲ Dumbo ၊ Captive State ၊ Us ၊ Wonder Park ၊Gloria Bell ၊ The Mustang ၊The Aftermath ၊ Five Feet Apart The Beach Bum စတဲ့ဇာတ်ကားကောင်းတွေကို ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

Avengers:Endgame 

Marvel ပရိသတ်တွေ ကြည့်ရှုအားပေးဖို့စောင့်မျှော်နေကြတဲ့ Avengers:Endgame ကတော့ ဧပြီ ၂၆ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပြီး ဧပြီလထဲမှာပဲ The Best of Enemies ၊Pet Sematary Teen Spirit ၊ High Life ၊ Shazam! ၊ Breakthrough ၊ Hellboy ၊ Missing Link ၊ Under the Silver Lake The Curse of La Llorona စတဲ့ဇာတ်ကားကောင်းတွေထွက်ရှိလာဦးမှာဖြစ်ပါတယ်။

Detective Pikachu  

ပရိသတ်တွေအကြိုက်တွေ့ဦးမယ့် Detective Pikachu ဇာတ်ကားဟာဆိုရင် မေလ ၁၀ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပြီး Uglydolls ၊ The Hustle ၊The Intruder ၊ A Dog’s Journey ၊Brightburn ၊ John Wick:Chapter 3 ၊ Aladdin ၊ Ad Astra ၊ Godzilla:King of the Monsters ၊ Rocketman စတဲ့ဇာတ်ကားကောင်းတွေလည်း မေလထဲမှာ အများကြီးထွက်ရှိလာမှာပဲဖြစ်ပါတယ်။

Dark Phoenix

X-Men ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Dark Phoenix ကိုတော့ ဇွန်လ ၇ရက်နေ့က စတင်ကြည့်ရှုရမှာဖြစ်ပြီး ဇွန်လထဲမှာပဲ Shaft ၊ Men in Black: International ၊ Toy Story 4 ၊ Grudge ၊ Flarsky ၊The Secret Life of Pets 2 စတဲ့ဇာတ်ကားကောင်းတွေထွက်ရှိလာဦးမယ်လို့သိရပါတယ်။

နောက်ထပ် ၆လမှာရော ဘယ်လိုဇာတ်ကားကောင်းတွေထွက်ရှိလာဦးမလဲဆိုတာ ဆက်ပြီးစောင့်မျော်ဖတ်ရှုပေးပါဦး

Source:collider

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations