ဘယ်လထဲမှာ ဘယ်ဇာတ်ကားတွေထွက်လာဦးမလဲ ကြည့်လိုက်ပါဦး

Spider-Man: Far From Home

ပရိသတ်တွေအားပေးကြည့်ရှုဖို့ စောင့်နေတဲ့ Spider-Man: Far From Home ဇာတ်ကားဟာဆိုရင် ဇူလိုင် ၅ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပြီး Untitled Conjuring Universe Film ၊ 17 Bridges ၊The Lion King ၊ Once Upon a Time in Hollywood ၊ Stuber စတဲ့ဇာတ်ကားကောင်းတွေလည်းထွက်ရှိလာဦးမှာဖြစ်ပါတယ်။

Fast & Furious Presents: Hobbs and Shaw

အက်ရှင်ဇာတ်ကားကြိုက်သူတိုင်း လက်မလွှတ်တမ်းကြည့်ရှုချင်ကြတဲ့ Fast & Furious Presents: Hobbs and Shaw ဇာတ်ကားကတော့ သြဂုတ်လ ၂ရက်နေ့မှာထွက်ရှိလာမယ်လို့သိရပြီး   New Mutants  ၊ Dora the Explorer ၊ Artemis Fowl ၊Scary Stories to Tell in the Dark ၊ Untitled Ari Aster Horror Film ၊ The Angry Birds Movie 2 ၊Good BoysPLAYMOBIL ၊ Angel Has Fallen စတဲ့ဇာတ်ကားတွေထွက်ရှိလာဦးမှာဖြစ်ပါတယ်။

IT Chapter Two

Horror ပရိသတ်တွေအတွက် IT Chapter Two ကတော့ စက်တင်ဘာ ၆ရက်နေ့မှာစတင်ထွက်ရှိလာမယ်လို့သိရပြီး စက်တင်ဘာလထဲမှာပဲ Spies in Disguise ၊ The Kitchen ၊ Downton Abbey ၊ Abominable ၊ The Hunt ၊ The Art of Racing in the Rain ၊ Judy စတဲ့ဇာတ်ကားကောင်းတွေလည်းထွက်ရှိလာဦးမှာဖြစ်ပါတယ်။

Joker

Joker ဇာတ်ကားလေးကတော့ အောက်တိုဘာ ၄ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပြီး အောက်တိုဘာလထဲမှာပဲ Gemini Man ၊ The Woman in the Window ၊The Addams  Family ၊ Are You Afraid of the Dark? ၊ The Goldfinch ၊ Zombieland 2 ၊ A Beautiful Day in the Neighborhood စတဲ့ဇာတ်ကားတွေထွက်ရှိလာဦးမယ်လို့သိရပါတယ်။

Frozen 2

ကလေးရော လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့ Frozen 2 ဇာတ်ကားလေးကတော့ နိုဝင်ဘာ ၂၂ရက်နေ့မှာထွက်ရှိလာမယ်လို့သိရပြီး Charlie’s Angels ၊Untitled Terminator Movie ၊ Friday, November 8th ၊Midway ၊ Sonic the Hedgehog ၊ Margie Claus ၊ Last Christmas ၊Untitled Kingsman Movie ၊ Knives Out စတဲ့ဇာတ်ကားတွေလည်းထွက်ရှိလာဦးမှာပါ။

Star Wars: Episode IX

ပရိသတ်ကြိုက် Star Wars: Episode IX ကတော့ ဒီဇင်ဘာ ၂၀မှာ ထွက်ရှိလာမှာဖြစ်ပြီး Untitled Jumanji Sequel ၊ Masters of the Universe ၊ Cats1917 ၊ The Call of the Wild ၊ Little Women ၊ Superintelligence စတဲ့ ဇာတ်ကားတွေထွက်ရှိလာဦးမှာဖြစ်ပါတယ်။

ပရိသတ်တွေအကြိုက် ဇာတ်ကားတွေပါရဲ့လား??

Source:collider

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations