မတ်မတ် Selena ရဲ့ စန်းပွင့်နေမှု....

နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Selena Gomez ဟာ ယောက်ျားလေးတစ်ချို့ရဲ့နှလုံးသားကို ဖမ်းစားထားနိုင်သူလို့ ပြောရင်လည်းမမှားပါဘူး။အနုပညာရှင်အချင်းချင်းက ပြန်ပြီးခရက်ရှ်ရလောက်အောင် လှပပြီးဆွဲဆောင်မှုရှိတဲ့၊အရည်အချင်းရှိတဲ့ မိန်းမပျိုလေးဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Selena ဟာ အခုနှစ်တွေမှာ မောင်လေးတွေရဲ့ကြိုက်နှစ်သက်မှုကိုပိုပြီးရရှိလာတယ်လို့ပြောရမှာပါပဲ။၂၀၁၈ မကုန်ခင်တုန်းက သူမထက် အသက် ၄နှစ်ငယ်ရွယ်တဲ့ မင်းသား Noah Centineo ဟာ သူမကို သဘောကျတယ်၊သူမနဲ့ဒိတ်ချင်တယ်လို့ရင်ဖွင့်ထားတဲ့အင်တာဗျူးဗီဒီယိုတွေလည်းတက်လာခဲ့ပြီး အခု ၂၀၁၉ အစပိုင်းမှာတော့ American professional Boxer တစ်ယောက်ဖြစ်တဲ့ Ryan Garcia ဟာ Selena ကို သဘောကျကြောင်း ထပ်ပြီးပြောလာခဲ့ပြန်ပါတယ်။ 

အသက် ၂၀ အရွယ်သာရှိသေးတဲ့ Ryan Garcia ဟာ TMZ နဲ့ အင်တာဗျူးမှာ Selena Gomez က သူတစ်ဖက်သတ်သဘောကျရတဲ့အနုပညာရှင်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။အနုပညာရှင်တွေထဲက ခရက်ရှ်ဆိုရင်ဘယ်သူရှိမလဲမေးကြည့်တဲ့အခါမှာ "ကျွန်တော်အမြဲတမ်းတွေးမိစဉ်းစားမိတာကတော့ Selena Gomez ပါပဲ။အခုချိန်မှာ သူမက ချစ်သူအသစ်မရှာသေးမှန်းသိပေမဲ့ ကျွန်တော် သူမကို ကာကွယ်ပေးချင်တယ်။သူမက အခု Single ဖြစ်နေတဲ့အတွက် ကျွန်တော် သူမနဲ့ အတူ အပြင်ထွက်ခွင့်၊ဒိတ်ခွင့်ရချင်ပါတယ်"ဆိုပြီး ပြောခဲ့ပါသတဲ့။

ပရိသတ်တွေသိတဲ့အတိုင်း Selena ရဲ့ အချစ်ရေးက အခုချိန်မှာ တည်ငြိမ်အေးဆေးနေပါပြီ။Selena က အခုလက်ရှိမှာ သူမရဲ့ ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့တစ်ခုတည်းအာရုံစိုက်နေတာပါ။ရင်းနှီးသူတွေရဲ့အဆိုအရ သီချင်းအသစ်ထွက်ဖို့လည်းပြင်ဆင်နေတယ်လို့သိရပါတယ်။Selena က အင်စတာဂရမ်သုံးတာ ရပ်ထားတယ်ဆိုပေမဲ့ သူမကို ခရက်ရှ်နေတဲ့မောင်လေးတွေရဲ့ သတင်းကို မကြားမိပဲတော့ နေမှာမဟုတ်ပါဘူး။Ryan Garcia ရဲ့ ဗီဒီယိုလေးကို မြင်ရင် Selena ဘယ်လိုတုံ့ပြန်လာမှာပါလိမ့်? ပရိသတ်တွေရောဘယ်လိုထင်လဲ?

Source:hollywoodlife

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations