လေချိုဖြန်းတဲ့ရွှေနန်းတော်မှာစသိခဲ့ရတဲ့ မင်းသမီးချော

New York Asian Film Festival (NYAFF) ရဲ့ အဆိုအရ တောင်ကိုရီးယားမင်းသမီးချော Han Ji Min ကို ရုပ်ရှင်ပွဲတော်အတွက် Ambassador အဖြစ်ခန့်အပ်ထားကြောင်း၊သူမပါဝင်သရုပ်ဆောင်ထားတဲ့ "Miss Baek"ဇာတ်ကားကိုလည်း ပြသဖို့ဖိတ်ခေါ်ထားကြောင်းသိရပါတယ်။

NYAFF ရဲ့ တာဝန်ရှိသူတစ်ချို့က "ကျွန်တော်တို့ရဲ့ ပထမဆုံး Ambassador အဖြစ် Ms Han ကို ခန့်အပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်"လို့လည်းပြောခဲ့ပါတယ်။NYAFF ရုပ်ရှင်ပွဲတော်ဟာ အနုပညာလောကထဲမှာ နာမည်ကျော်ကြားအရေးပါတဲ့ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်နွေရာသီတိုင်း ကျင်းပလေ့ရှိပါတယ်။ဒီနှစ်ရုပ်ရှင်ပွဲတော်ကိုတော့ ဖေဖော်ဝါရီလမှာကျင်းပမယ်လို့သိရပါတယ်။

မင်းသမီး Han Ji Min ဟာ Ambassador အဖြစ်ခန့်အပ်ခံရသလို သူမရဲ့ ရုပ်ရှင်ကား "Miss Baek"ကိုလည်း ဒီရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရမှာပဲဖြစ်ပါတယ်။39th Blue Dragon Awards ပွဲမှာ Han Ji Min ဟာ “Miss Baek”ဇာတ်ကား နဲ့ အကောင်းဆုံးမင်းသမီးဆုအပြင် တစ်ခြားဆုများစွာလည်းရရှိခဲ့သူဖြစ်ပါတယ်။

၂၀၁၈ ထဲမှာပဲ မင်းသား Ji Sung နဲ့အတူ Familiar Wife ဆိုတဲ့ဇာတ်လမ်းတွဲရိုက်ကူးထားကာ ထိုဇာတ်လမ်းတွဲဟာလည်း  ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။အခုတော့ ပရိသတ်တွေအတွက် သူမရဲ့အလှပုံ၇ိပ်လေးတွေနဲ့အတူ "Miss Baek" Trailer လေးပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

Source:Soompi

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations