တကယ်ရင်ထဲထိရှမယ့်ဇာတ်ကားလေး

အိန္ဒိယရဲ့  အချစ်ဇာတ်ကားအကောင်းဆုံးတွေထဲက တစ်ကားလို့ပဲဆိုလိုက်ပါရစေ။Rating အရ 6.2/10 ရှိပြီး ဒါရိုက်တာ Pushpdeep Bhardwaj ရိုက်ကူးထားတဲ့ Jalebi ဇာတ်ကားမှာ မင်းသမီး  Rhea Chakraborty ၊ debutant Varun Mitra ၊ Digangana Suryavanshi တို့က အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။

ဒီဇာတ်ကားလေးက ရထားတစ်စီးထဲမှာ နောက်ကြောင်းပြန်ပြောလိုက်၊လက်ရှိကာလကိုပြလိုက်နဲ့ရိုက်ကူးပြထားတာလည်းဖြစ်ပါတယ်။ပျင်းစရာကောင်းမယ်လို့လုံးဝမထင်လိုက်ပါနဲ့။တကယ်ကိုရင်ထဲထိသွားမယ့်ဇာတ်ကားလေးပါ။အချစ်အလွမ်းခံစားမှုအစုံကို ခံစားရမှာပါ။

ဇာတ်လမ်းအကျဉ်းလေးက စာရေးဆရာမတစ်ယောက် သူမရဲ့ စာအုပ်အသစ်အတွက်လေ့လာဖို့ ဒေလီမြို့ကိုသူငယ်ချင်းနဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။အဲ့ဒီမှာ ဒေသခံလမ်းညွှန်အဖြစ်ဝါသနာကြီးစွာလုပ်ကိုင်နေတဲ့ မင်းသားနဲ့တွေ့ပြီးလူငယ်သဘာဝချစ်ကြိုးသွယ်ကာ လက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့ လက်ထပ်ပြီးမကြာခင်ကာလတွေမှာပဲ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေဖြစ်လာပြီး  ကွဲကွာမလိုထိဖြစ်ခဲ့ကြပါတယ်။

နောက်ပိုင်း ပြန်ပေါင်းစည်းဖို့အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပေမဲ့လည်း မင်းသားက ဒီအခွင့်အရေးကိုလက်လွှတ်ခဲ့ပါတယ်။ဘာလို့လဲ? မင်းသမီးကလည်း ဒီအဖြေကိုသိချင်ခဲ့ပါတယ်။ဒါကြောင့် အချိန်တွေအကြာကြီးစောင့်ခဲ့ပြီး အဖြေမရခဲ့တဲ့အဆုံးမှာသူမဟာ ဒေလီမြို့ကိုလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီမှာပဲ ရထားပေါ်မှာ သားအမိနှစ်ယောက်နဲ့တွေ့ပြီး သူမလုံးဝမထင်ထားတဲ့အရာတွေကြုံတွေ့လာပါတော့တယ်။

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲခေါ်သွားနိုင်တဲ့အပြင် ဇာတ်ကားအပြီးမှာလည်း သင့်စိတ်ထဲမှာ ခံစားချက်တစ်ချို့တစ်လေကျန်ရစ်စေခဲ့နိုင်လို့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။Trailer လေးလည်း ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations