ကိုယ်မျှော်နေတဲ့သူတွေပါရဲ့လား ကြည့်လိုက်ပါဦး

၂၀၁၉ ထဲမှာ စစ်မှုတာဝန်ထမ်းဆောင်ပြီးလို့ မကြာခင်အိမ်ပြန်လာရတော့မယ့် နာမည်ကျော်အနုပညာရှင်တွေထဲမှာ ယူတို့မျှော်နေတဲ့သူလေးတွေများပါမလား? ကဲ ဘယ်သူတွေက ဘယ်အချိန်မှာ စစ်မှုထမ်းဆောင်လို့ပြီးကြမှာလဲ ဖတ်ကြည့်လိုက်ပါဦး

Lee Min Ho

နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ကတော့ ဒီဧပြီ ၂၅ရက်နေ့မှာ စစ်မှုထမ်းဆောင်လို့ပြီးမှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ သူဟာ Gangnam District Office မှာ public service worker အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Ji Chang Wook 

မင်းသားချော Ji Chang Wook ဟာ ၂၀၁၇ သြဂုတ်လတုန်းက တာဝန်စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အခုလ ဧပြီ ၂၇ရက်နေ့မှာ တာဝန်ပြီးဆုံးမှာဖြစ်တယ်လို့သိရပါတယ်။သူစစ်မှုမထမ်းဆောင်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲက  “Suspicious Partner” ဖြစ်ပါတယ်။

Super Junior အဖွဲ့ဝင် Kyuhyun 

Super Junior အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်တဲ့ Kyuhyun ဟာ မေလ ၇ရက်နေ့မှာစစ်မှုထမ်းဆောင်လို့ပြီးမှာဖြစ်ပါတယ်။စစ်မှုထမ်းဆောင်လို့ ခဏနားရက်ရချိန်မှာလည်းသူ့ရဲ့ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ဖျော်ဖြေပွဲကို အားပေးခဲ့တယ်လို့သိရပါတယ်။ပရိသတ်တွေကတော့ Kyuhyun ပြန်လာရင် Super Junior အဖွဲ့က ဘယ်လိုသီချင်းကောင်းတွေချပြမလဲဆိုတာကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြပါတယ်။

2PM အဖွဲ့ဝင် Taecyeon 

2PM အဖွဲ့ဝင် Taecyeon ဟာတော့ မေလ ၁၆ရက်နေ့မှာစစ်မှုထမ်းဆောင်လို့ပြီးမှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ Gyeonggi ပြည်နယ်9th Armed Forces ဒေသမှာ  military instruction assistant အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။JYP ကနေ 51K အေဂျင်စီကို ပြောင်းလိုက်ပြီးနောက်ပိုင်းTaecyeon ဟာ သူ့ရဲ့ သရုပ်ဆောင်အလုပ်တွေကို သေချာလေးဆက်ပြီးလှုပ်ရှားသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

Kang Ha Neul

နာမည်ကျော်မင်းသားချော Kang Ha Neul ကတော့ မေလ ၂၃ရက်နေ့မှ စစ်မှုထမ်းဆောင်လို့ပြီးမှာဖြစ်ပါတယ်။လက်ရှိတာဝန်ထမ်းဆောင်နေချိန်မှာလည်း“Shinheung Military Academy” လို့ခေါ်တဲ့ တေးဂီတအဖွဲ့မှာ မင်းသား Ji Chang Wook နဲ့ အတူပါဝင်ဆင်နွှဲလျက်ရှိတယ်လို့သိရပါတယ်။

Kim Soo Hyun

နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မင်းသား Kim Soo Hyun ဟာဆိုရင်ဖြင့် သူ့ရဲ့ ပရိသတ်တွေနဲ့ ဇူလိုင် ၁ရက်နေ့မှာ ပြန်လည်ဆုံတွေ့ရမှာပဲဖြစ်ပါတယ်။၂၀၁၇ အောက်တိုဘာလမှာ စပြီးစစ်မှုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူတာဝန်ပြီးဆုံးလို့ပြန်လာရင်ဘယ်လိုဇာတ်လမ်းတွဲကောင်းတွေရိုက်ကူးဦးမလဲဆိုတာ စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြပါတယ်။

Lee Joon

မင်းသားချော Lee Joon ကတော့ စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်မှုတာဝန်ပြီးဆုံးမှာပါ။တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာလည်း စစ်သားကောင်းတစ်ယောက်အဖြစ်ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားခဲ့တယ်လို့သိရပါတယ်။

BIGBANG အဖွဲ့ဝင်တွေဖြစ်တဲ့ T.O.P ၊ G-Dragon ၊ Taeyang ၊ Daesung

T.O.P ကတော့ ဇွန်လထဲမှာ စစ်မှုတာဝန်ပြီးဆုံးမှာဖြစ်ပြီး G-Dragon ကတော့ အောက်တိုဘာ ၂၆မှ တာဝန်ထမ်းဆောင်လို့ပြီးမှာဖြစ်ပါတယ်။Taeyang နဲ့ Daesung တို့ကတော့ နိုဝင်ဘာလထဲမှာ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။စစ်မှုထမ်းဆောင်နေပေမဲ့လည်း နားရက်ရချိန်မှာတော့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်နေကြတဲ့သူတွေဖြစ်ပါတယ်။ပရိသတ်တွေအတွက်သူတို့ရဲ့ဓာတ်ပုံလေးတွေအမြဲတင်ပေးလေ့ရှိပါတယ်။

ကဲ ပရိသတ်ကြီးစောင့်မျှော်နေတဲ့သူလေးတွေရှိလား?

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations