ဘာတွေများလဲ...

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ကို လူတိုင်းနီးပါးသုံးကြပါတယ်။အခု စာဖတ်နေတဲ့သင့်မှာတောင် IG Acc ရှိပြီးသားဖြစ်မှာပါ။ဒီ Intstagram App နဲ့ပတ်သက်လို့ လူသိပ်မသိသေးတဲ့အချက်လေးတွေရှိပါတယ်။ဒါကြောင့်ုကျွန်တော်က ပြောပြပေးချင်ပါတယ်။ဗဟုသုတအနေနဲ့ပေါ့ 

*Instagram App ရယ်လို့  ၂၀၁၀ အောက်တိုဘာ ၆ရက်နေ့မှာ စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

*အစတုန်းကတော့ Instagram လို့ပေးထားတာမဟုတ်ပါဘူး။ပေးထားတဲ့နာမည်က Codename တဲ့။နောက်မှ Instagram လို့ ပြောင်းပြီးစထည့်သွင်းခဲ့တာပါ။

*IG ရဲ့ ပထမဆုံးဓာတ်ပုံကတော့ ခွေးလေးတစ်ကောင်ရဲ့ ပုံဖြစ်ပြီး App တည်ဆောက်ရေးဆွဲခဲ့သူ Kevin Systrom က ၂၀၁၀ ၊ဇူလိုင် ၁၆ မှာတင်ခဲ့တာဖြစ်ပါတယ်။

*လေ့လာချက်တွေအရ IG အကောင့် ၈ရာခိုင်နှုန်းဟာ အတုအယောင်တွေဖြစ်တယ်လို့ တွေ့ရှိထားရပါတယ်။

*IG ကို ၂၀၁၂ မှာ ဖေ့ဘွတ်ခ်က ဒေါ်လာ ၁ ဘီလီယံနဲ့ဝယ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက IG သုံးစွဲသူ သန်း ၃၀ သာရှိခဲ့ပါတယ်။

*၂၀၁၈ ထဲမှာတော့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Selena Gomez ဟာ  Follower 138 သန်းနဲ့ Follower အများဆုံးအနုပညာရှင်ဖြစ်လာခဲ့ပါတယ်။

*IG အသုံးအများဆုံး နိုင်ငံတွေကတော့ ယူအက်စ်၊ရုရှား၊တူရကီ၊ဘရာဇီးနဲ့ယူကေတို့ပဲဖြစ်ပါတယ်။လူဦးရေလည်းများပြားသလို ဆိုရှယ်မီဒီယာသုံးစွဲမှုလည်းများပြားတာတွေ့ရပါတယ်။

*Instagram မှာ အသုံးအများဆုံး အီမိုဂျီက အသည်းပုံအီမိုဂျီလေးဖြစ်ပြီး အသုံးအများဆုံး filer ကတော့ Gingham ၊Clarendon နဲ့ Juno တို့ပဲဖြစ်ပါတယ်။

*တွေ့ရအများဆုံး hashtags တွေကတော့  #love ၊ #instagood ၊ #me ၊ #cute  နဲ့ #follow တို့ပဲဖြစ်ပါတယ်။

*Instagram မှာ Video function ကို ၂၀၁၃ မှာထည့်သွင်းခဲ့တာဖြစ်ပြီးစသွင်းပြီး ၂၄ နာရီအကြာမှာပဲ ဗီဒီယို ၅သန်းနီးပါးတက်လာခဲ့တယ်လို့သိရပါတယ်။

Source:thefactsite

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations