မအေးသောင်းတို့မိသားစုရဲ့ အလှူဒါနလေး

ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းဟာ သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် စတုဒီသာ မုန့်လက်ဆောင်းလာစားဖို့ဖိတ်ခေါ်ထားတာမြင်တွေ့ရပါတယ်။

မအေးသောင်းက 

စတုဒီသာ "မုန့်လက်ဆောင်း"

ဆွမ်းမွှေး မုန့်လက်ဆောင်းဖတ်လေးတွေကို

ရေခဲထဲမှာ အေးခဲနေအောင်စိမ်ထား

အညာထန်းလျက်စစ်စစ်ကို 

အိမ်မှာပဲ သေချာကြိုစစ်

အုန်းသီးနုနုလေးတွေ ခြစ်ထည့်ထားတာဆိုတော့

ခုလိုနွေပူပူမှာ သောက်လိုက်ရရင်ဖြင့် 

ဘယ်လိုရင်အေးသွားမလဲ ဆိုတာ.....

အားလုံးကိုလာစားဖို့ဖိတ်ခေါ်ပါတယ်ရှင့်။

ဒီနေ့ ဧပြီ ၁၀ ရက် 

ညနေ ၄ နာရီမှာကျွေးပါမယ်ရှင့်။

လိပ်စာက 

အမှတ် ၄၀၈ မာလာမြိုင်လမ်း

၁၆/ အပိုင်း ၃ 

သင်္ကန်းကျွန်း " ဆိုတဲ့စာသားလေးနဲ့ ပရိသတ်တွေလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

မအေးသောင်းရဲ့အလှူဒါနလေးဖြစ်မြောက်စေဖို့ အချိန်ပေးနိုင်ရင် သွားစားဖို့ မမေ့နဲ့နော်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations