သူမရဲ့ ပထမဆုံးရုပ်ရှင်...

ကမ္ဘာကျော်အဆိုတော်မလေး Camila Cabello ကို မကြာခင်ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ မြင်တွေ့ရတော့မယ်လို့ Justjared မီဒီယာကနေဖော်ပြလာခဲ့ပါတယ်။ဂီတလောကထဲမှာ ပရိသတ်အခိုင်အမာရထားတဲ့ သူမဟာ အခုဆိုရင် သရုပ်ဆောင်လောကထဲကိုပါ ၀င်ရောက်လာပြီဆိုရမှာပါပဲ။

အသက် ၂၂ နှစ်အရွယ်Camila Cabello ဟာ ဒါရိုက်တာ Kay Cannon အသစ်ပြန်လည်အသက်သွင်းရိုက်ကူးမယ့် "Cinderella" ဇာတ်ကားမှာပါဝင်သရုပ်ဆောင်သွားမယ်လို့ မီဒီယာရဲ့ ဖော်ပြချက်အရသိရပါတယ်။ဒီဇာတ်ကားရဲ့ဇာတ်ဝင်တေးသီချင်းဆိုတဲ့အပိုင်းမှာလည်း Camila ပါဝင်ဖို့ရှိပါတယ်။

"Cinderella"ဇာတ်ကားနဲ့ပတ်သက်ပြီး ပြသမယ့်ရက်စွဲတွေ၊အချိန်တွေ၊အသေးစိတ်ဇာတ်ညွှန်းတွေတိကျစွာဖော်ပြထားခြင်းမရှိသေးပေမဲ့လည်း classic fairytale ပုံစံမျိုးကိုပဲ မှီငြမ်းရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ခေတ်သစ်စင်ဒရဲလားအဖြစ် သရုပ်ဆောင်မယ့်ဒီဇာတ်ကားဟာ Camila ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သလို ဒီလို Remake Disney Princess အဖြစ်မြင်တွေ့ရတာက ဒါဒုတိယအကြိမ်လည်းဖြစ်ပါတယ်။၂၀၁၅ တုန်းက Cinderella Remake Movie ကို ဒါရိုက်တာ Kenneth Branagh က မင်းသမီး Lily James နဲ့ရိုက်ကူးခဲ့ဖူးပါတယ်။

Camila Cabello ဟာ လက်ရှိမှာလည်း သီချင်းကောင်းများစွာဖန်တီးရေးသားနိုင်သူအဖြစ် လူငယ်ပရိသတ်တွေရဲ့အသည်းစွဲဖြစ်နေသူတစ်ယောက်ပါ။ပြီးခဲ့တဲ့ ဇန်န၀ါရီတုန်းကလည်း 2019 GRAMMY® Nominees ဆိုတဲ့အယ်လ်ဘမ်ထွက်ရှိထားတာဖြစ်ပါတယ်။အခုတော့ သူမကို "Cinderella"လေး အဖြစ်မြင်တွေ့ရပါတော့မယ်။ကဲ ပရိသတ်ကြီး အားပေးဖို့အသင့်ပဲလား?

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations