ချောကလက်ပေးကြတဲ့အကြောင်းကတော့...

ဖေဖော်ဝါရီ ၁၄ရက်နေ့ဆိုတာ တစ်ကမ္ဘာလုံးရဲ့ Valentine's Day ပါ။အဲ့ဒီနေ့မှာ ချစ်သူစုံတွဲတွေဟာအပြန်အလှန်လက်ဆောင်တွေပေးကြတယ်။လျှောက်လည်ကြတယ်။တစ်ကိုယ်တည်းသမားတွေကလည်း ချစ်ခင်ရသူတွေကို ချောကလက်တွေ၊ပန်းတွေလက်ဆောင်ပေးလေ့ရှိတယ်။ချစ်သူများနေ့မှာ ကိုယ်ချစ်ရသူတွေအတွက် ရေမွှေးတို့၊ကတ်တို့၊လက်ဝတ်ရတနာတို့၊မိတ်ကပ်ပစ္စည်းတို့စသဖြင့် ပေးလေ့ရှိကြသော်လည်း အဲ့ဒီလတစ်လလုံးဟာ ချောကလက်လလို့တောင်ပြောရလောက်အောင် ချောကလက်ကတော့ မပေးမဖြစ်ပေးကြပါတယ်။အကုန်အမြန်ဆုံး၊အရောင်းရဆုံးသောအစားအစာဟာ ချောကလက်ပဲဖြစ်ခဲ့ပါတယ်။

ဒါဖြင့် ဘာလို့ ချစ်သူများနေ့မှာ ချောကလက်လက်ဆောင်ပေးကြတာလဲ?အဖြေကတော့...

ချောကလက်စားလိုက်တဲ့အခါမှာ Endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာပါတယ်။Endorphins ဟာ သင့်ကိုစိတ်လန်းဆန်းစေပြီး ပျော်ရွှင်စေပါတယ်။ချောကလက်ပေးတာဟာ ကိုယ်ချစ်တဲ့သူကိုပျော်ရွှင်စေချင်တဲ့သဘော။တစ်နည်းအားဖြင့် ချောကလက်ဟာ အချစ်စိတ်ကို ပိုပြီးတိုးပွားလာစေတဲ့အတွက်ပိုပြီးရင်းနှီးနွေးထွေးလာစေချင်တဲ့သဘောသက်ရောက်ပါတယ်။

ပြီးတော့ ချောကလက်ဟာ “Theobroma cacao” သစ်ပင်ကရတဲ့ အစေ့နဲ့လုပ်ထားတာဖြစ်ပါတယ်။ဂရိအဆိုအရတော့ ဒါဟာ နတ်ဘုရားတွေအတွက်အစားအစာဖြစ်တယ်လို့သိရပြီး နောက်ပိုင်းမှာလူတွေက အဲ့ဒီလိုကောင်းမွန်တဲ့အစားအစာကိုသူတို့ရဲ့ချစ်သူခင်သူတွေကို ပေးလာကြတာပါ။

ဒါ့အပြင် ချောကလက်ဟာ လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုပါ အများကြီးလွှမ်းမိုးမှုရှိပါတယ်။တောင်းပန်တဲ့အခါမှာ၊ပျော်ရွှင်မှုကိုဖော်ပြတဲ့အခါမှာ၊ချစ်ခြင်းတရားကိုဖော်ပြတဲ့အခါမှာ၊သူငယ်ချင်းသံယောဇဉ်ကိုပြန်လည်တည်ဆောက်ချင်တဲ့အခါတွေမှာ ချောကလက်ပေးပြီးသူတို့ရဲ့စိတ်ကိုဖော်ပြလေ့ရှိပါတယ်။အရသာကလည်း ကလေးလူကြီးမရွေးကြိုက်ကြတဲ့အတွက် ချောကလက်က လက်ဆောင်ပေးလို့အအကောင်းဆုံးအရာတစ်ခုပါပဲ။

ဂျပန်၊တရုတ်၊တောင်ကိုရီးယား၊ထိုင်ဝမ်တို့မှာဆိုရင် Valentine's Day ကို White Day လို့ခေါ်ကြတယ်။အဲ့ဒီနေ့မှာဆိုရင် ချောကလက်နဲ့လုပ်ထားတဲ့ ဘီစကစ်အဖြူ၊အဖြူရောင်ဂျယ်လီ၊အဖြူရောင်ချောကလက်တွေပေးလေ့ရှိပါတယ်။

ကဲ ဒါဆိုရင်ချောကလက်ကိုဘာလို့ပေးကြတယ်ဆိုတာသိသွားကြပြီဟုတ်!သူငယ်ချင်းတွေကိုလည်း ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ဦးနော်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations