Happy Belated Birthday! ပါ

“The Return Of Superman”  အစီအစဉ်မှ ချစ်စရာကလေးမလေး Na Eun ဟာ မေလ ၁၁ရက်နေ့တုန်းက အသက်လေးနှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

မေလ ၁၁ရက်နေ့က သူမရဲ့အမေ Anna ဟာ သမီးဖြစ်သူရဲ့မွေးနေ့ပါတီပုံရိပ်လေးတွေကို အင်စတာဂရမ်မှာတင်ခဲ့ပြီး မွေးနေ့ဆုတောင်းစာသားတွေအများကြီးရေးသားခဲ့ပါတယ်။မွေးနေ့မတိုင်ခင် တစ်ရက်အလိုတည်းက မွေးနေ့အကြိုကျင်းပခဲ့တာဖြစ်ပါတယ်တဲ့။

Anna ဟာ  Na Eun လေး မုန့်စားနေတဲ့ပုံလေး၊ကင်မရာကို ကစ်စ်ပေးနေတဲ့ပုံလေးတွေကိုလည်းတင်ထားခဲ့ပါသေးတယ်။ပရိသတ်တွေက Na Eun လေးကို ချစ်ကြသလို သူမရဲ့ မောင်လေး Gun Hoo ကိုလည်း အသည်းစွဲချစ်ကြပါတယ်။တကယ့်ကိုချစ်စရာကောင်းလွန်းတဲ့မောင်နှမပါ။

အခုချိန်ထိလည်း သူမတို့မောင်နှမရယ်၊အဖေဖြစ်သူ Park Joo Ho ရယ်ဟာ "The Return of Superman" အစီအစဉ်ကိုဆက်လက်ရိုက်ကူးနေဆဲဖြစ်ပါတယ်။အစီအစဉ်ရိုက်ကူးရင်းနဲ့ပဲ ပရိသတ်တွေချစ်ကြတဲ့ Na Eun လေးက အသက် ၄နှစ်တောင်ပြည့်သွားခဲ့ပါပြီ။ပရိသတ်ကြီးအတွက် သူမလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations