အရင်ကထက် ပိုချော ပိုခန့်လာတယ်

နာမည်ကျော်တောင်ကိုရီးယားမင်းသား Ji Chang Wook ဟာ ဧပြီ ၂၇ရက်နေ့က စစ်မှုထမ်းဆောင်ပြီးခဲ့ပြီဖြစ်ပါတယ်။စစ်မှုတာဝန်ထမ်းဆောင်အပြီးသူ့ရဲ့ပထမဆုံးအနုပညာလှုပ်ရှားမှုကတော့ Variety Show တစ်ခုမှာပါဝင်လာခဲ့တာပါပဲ။

Ji Chang Wook ဟာ မေလ ၁၃ရက်နေ့က Channel A ရဲ့ "City Fisher" Variety Show မှာပါဝင်ခဲ့ပါတယ်။အဲ့ဒီ Show မှာ တစ်ခြားသောအနုပညာရှင်တွေဖြစ်တဲ့ Lee Duk Hwa ၊ Lee Kyung Kyu ၊  Jang Do Yeon တို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ 

မင်းသား Ji Chang Wook နဲ့ မင်းသား Lee Duk Hwa တို့ဟာ "Suspicious Partner" မှာ လက်တွဲအလုပ်လုပ်ခဲ့ဖူးပြီး ဒါက နောက်တစ်ကြိမ်ပြန်လည်ဆုံစည်းကြတာလည်းဖြစ်ပါတယ်။"City Fisher"Variety Show ကို KST ကနေ ည ၁၁ နာရီဆို ထုတ်လွှင့်ပြသလျက်ရှိတယ်လို့သိရပါတယ်။Ji Chang Wook ဟာ မကြာခင်မှာလည်းဇာတ်လမ်းတွဲအသစ်တစ်ခုရိုက်ကူးဖို့ရှိပါတယ်။

"Suspicious Partner" က နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး နောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွဲတွေနဲ့ သူ့ကိုထပ်ပြီးမြင်တွေ့ရဦးမလဲဆိုတာ အတူတူဆက်ပြီးစောင့်မျှော်အားပေးလိုက်ရအောင်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations