Ed Sheeran နဲ့ Justin Bieber တို့ရဲ့ သီချင်းသစ်

နာမည်ကျော်အနုပညာရှင်နှစ်ယောက်ရဲ့ပေါင်းစပ်မှုကတော့ အံ့မခန်းလို့ဆိုရလောက်အောင် Ed Sheeran နဲ့ Justin Bieber တို့ရဲ့ သီချင်းသစ်ဟာ Offical Singles Chart မှာ နံပါတ်တစ်နေရာကိုဦးဆောင်နေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကမှ ပရိသတ်ရှေ့ချပြခဲ့တဲ့ I Don't Care သီချင်းဟာ အခုဆိုရင် ကြည့်ရှုနားဆင်သူ 4.7 သန်းကျော်ရှိနေပြီး ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့သီချင်းကောင်းလေးဖြစ်နေပါတယ်။ဒီပုံစံအတိုင်းကြည့်ရှုသူတွေထပ်ပြီးမြင့်တက်လာဦးမယ်ဆိုရင် ဒါဟာ Ed Sheeran ရဲ့ ခြောက်ကြိမ်မြောက် UK နံပါတ် တစ် သီချင်းဖြစ်လာမှာဖြစ်သလို Justin ရဲ့ ၇ကြိမ်မြောက် Chart Top ဖြစ်လာဦးမှာအမှန်ပါပဲ။

အရင်တုန်းက နှစ်ယောက်ပေါင်းထွက်ရှိခဲ့ဖူးတဲ့ "Love Yourself" "Cold Water" စတဲ့သီချင်းတွေဟာလည်း အောင်မြင်ခဲ့သလို အခုတစ်ခေါက်ပူးပေါင်းမှုကိုလည်း ပရိသတ်တွေအကြိုက်တွေ့နေကြပါတယ်။

I Don't Care သီချင်း Lyric Video ဟာ Youtube မှာဆိုရင်  ကြည့်ရှုသူ ၂၇ သန်းကျော်ရှိနေပြီး Trailer က ၃ သန်းနီးပါး၊ offical audio က နားထောင်သူ ၆ သန်းကျော်ရှိနေတယ်လို့လည်းသိရပါတယ်။ပရိသတ်တွေနားဆင်လို့ရအောင် Ed Sheeran နဲ့ Justin Bieber တို့ရဲ့ သီချင်းသစ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations